Latest News

Monday, May 28, 2018

ပျက်စီးသွားသည့် ရှေးဟောင်းစေတီတော်နေရာ တူးဖော်ရာတွင် ဆင်းထုတော်များတွေ့ရှိသဖြင့် ပင့်ဆောင်ပူဇော်

ပျက်စီးသွားသည့် ရှေးဟောင်းစေတီတော်နေရာ တူးဖော်ရာတွင် ဆင်းထုတော်များတွေ့ရှိသဖြင့် ပင့်ဆောင်ပူဇော်


ကျောက်ထု မေ ၂၈

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ကျောက်ပျဉ်းကျေးရွာတွင် ပျက်စီးသွားသည့် ရှေးဟောင်းစေတီ တော် နေရာကို ပြီးခဲ့သည့်လက တူးဖော်ကြရာ ဗုဒ္ဓဆင်းထုတော်များစွာတွေ့ရှိသဖြင့် ကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ပင့်ဆောင် ပူဇော်ခံထားရှိခဲ့သည်။

ထို့ပြင် ကျောက်ပျဉ်းရွာကျောင်းဆရာတော် ဘဒ္ဒ န္တ ဥက္ကဌ အမှူးပြုသည့် ကျေးရွာနေပြည်သူများက ကျေးရွာအနီးရှိ ကုန်းမြင့်၌ ဥာဏ်တော်အမြင့် ၉ တောင်ရှိ ဓာတ်ပေါင်းစုစေတီတော်တစ်ဆူကို တည်ထား ကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပျက်စီးသည့် စေတီဟောင်းတူးဖော်စဉ် တွေ့ရှိခဲ့သည့် ဗုဒ္ဓဆင်းထုတော်များအား စေတီတော်သစ်၌ ဌာပနာ၍ တည်ထားကိုးကွယ်ကြမည်ဖြစ်ရာ ဆင်းထုတော်များအား အနေကဇာတင်လှူပူဇော်ပွဲနှင့် စေတီတော်တည်ထားမည့်နေရာသို့ ပင့်ဆောင်ပူဇော်ပွဲကို မတ် ၂၈ ရက်နံနက် က ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ဓာတ်ပေါင်းစုစေတီတော်ကို အများကောင်းမှုအဖြစ်တည်ထားမည်ဖြစ်ပြီး စေတီတော်တည် ထားနိင်ရေး ကျောက်ပျဉ်းကျေးရွာနေ ဦးသန့်ဇင် နှင့် ဒေါ်လဲ့လဲ့ဝင်း မိသားစုတို့က ငွေကျပ် သိန်း ၁၅၀ နှင့် ကုသိုလ်ရှင် စေတနာရှင်ပြည်သူများထည့်ဝင်သည့် အလှူတော်ငွေ ကျပ်သိန်း ၁၅၀ ကျော်တို့ ရရှိနေပြီဖြစ် ကြောင်း နှင့် ထည့်ဝင်လှူဒါန်းလိုသူများသည် ဖုန်း ၀၉၄၀၁၆၅၀၀၆၈ သို့ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။


မြန်​မာ့အလင်း

No comments:

Post a Comment