Latest News

Monday, May 28, 2018

မြဝတီအာရှလမ်းမကြီး၊ ကွမ်းခြံကုန်း​ကွေ့အဆင်း​မှန်​လုံယာဉ်​တစ်​စီး ဘရိတ်​အုပ်​ရာမှစလစ်​ဖြစ်​ပြီး ​တောင်​ကမ်းပါးယံဝင်​တိုက်​(၆)ဦးဒဏ်​ရာရ

မြဝတီအာရှလမ်းမကြီး၊ ကွမ်းခြံကုန်း​ကွေ့အဆင်း​မှန်​လုံယာဉ်​တစ်​စီး ဘရိတ်​အုပ်​ရာမှစလစ်​ဖြစ်​ပြီး ​တောင်​ကမ်းပါးယံဝင်​တိုက်​(၆)ဦးဒဏ်​ရာရ

သင်္ယန်းညီ​နောင်​ ​မေ ၂၈

ကရင်​ပြည်​နယ်​၊မြဝတီမြို့နယ်​၊​ကော့ကရိတ်​-မြဝတီ အာရှလမ်းမကြီး၊ ကွမ်းခြံကုန်း​ကွေ့အဆင်း​တွင်​ ​မေလ ၂၈ ရက်​​နေ့ နံနက်​ပိုင်းက မှန်​လုံယာဉ်​တစ်​စီး ကုန်းအဆင်း ဘရိတ်​အုပ်​စဉ်​ မိုးရွာ​နေသည့်​အတွက်​ စလစ်​ဖြစ်​ကာ လမ်း​ယာဘက်​ခြမ်းရှိ ​တောင်​ကမ်းပါးယံအား ဝင်​​ရောက်​တိုက်​မိ၍  ယာဉ်​​ပေါ်ပါခရီးသည်​ (၆)ဦး ဒဏ်​ရာရရှိခဲ့​ကြောင်း သတင်းရရှိသည်​။

ဖြစ်​စဉ်​မှာ ​မေ ၂၈ ရက်​​  နံနက်​ ၉နာရီ အချိန်​ခန့်​က အာရှလမ်း၊ ကွမ်းခြံကုန်း​ကွေ့ အဆင်းတွင်​ မှန်​လုံယာဉ်​တစ်​စီး စလစ်​ဖြစ်​၍ လမ်း​ဘေးကမ်းပါးယံအားဝင်​တိုက်​မိကာ ယာဉ်​​ပေါ်ပါခရီးသည်​များ ဒဏ်​ရာရရှိသွား​ကြောင်း သတင်းအရ သင်္ဃန်းညီ​နောင်​နယ်​​မြေရဲစခန်းမှူး ရဲအုပ်​နိုင်​မင်းသိန်းဦးစီးအဖွဲ့မှ သက်​​သေများနှင့်​အတူသွား​ရောက်​စစ်​​ဆေးခဲ့ရာ ​ကော့ကရိတ်​-မြဝတီအာရှလမ်း အတိုင်း ​ကော့ကရိတ်​ဘက်​မှ မြဝတီဘက်​သို့ယာဉ်​​မောင်း ဟန်​သူ​အောင်​၊ ၃၄နှစ်​၊(ဇ)ရပ်​ကွက်​၊​မြောက်​ဥက္ကလာပမြို့နယ်​၊ရန်​ကုန်​ တိုင်း​ဒေသကြီး​နေသူ​မောင်းနှင်​ပြီး ယာဉ်​​ပေါ် တွင်​ ခရီးသည်​ ကျား ၁၀ ဦး၊ မ ၇ ဦးလိုက်​ပါလာ​သောMDY/----နံပါတ်​တပ်​၊မန္တလာမင်း၊အနီ​ရောင်​၊မှန်​လုံယာဉ်​သည်​ ကွမ်းခြံကုန်း​ကွေ့အဆင်း ဘရိတ်​အုပ်​စဉ်​ မိုးရွာသွန်း​နေမှု​ကြောင့်​ လမ်း​ချော်​ပြီး စလစ်​ဖြစ်​ကာ ယာဉ်​မှာလမ်း၏ယာဘက်​ခြမ်းရှိ ​တောင်​ကမ်းပါးယံနှင့်​ ဝင်​​ရောက်​ တိုက်​မိခဲ့ပြီး ယာဉ်​​ပေါ်လိုက်​ပါလာသည့်​ ခရီးသည်​ ၁၇ ဦးအနက်​ မထက်​​ဝေ​ဝေဖြိုး၊၃၇နှစ်​၊(မ/၄၇၃)​မြောက်​ဒဂုံ​နေသူတွင်​ နှာ​ခေါင်း​သွေးထွက်​ဒဏ်​ရာ၊ မဝါဝါ၊၄၀နှစ်​၊(မ/၅၆၄)စစ်​ကိုင်းလမ်း၊​တောင်​ဥက္ကလာပ​နေသူတွင်​​အောက်​နှုတ်​ခမ်း​ပေါက်​ပြဲဒဏ်​ရာ၊ ကိုကိုသက်​၊ ၃၆နှစ်​၊စစ်​ကိုင်းလမ်း၊​တောင်​ဥက္ကလာပ​နေသူတွင်​ ဇက်​ပိုးနာကျင်​၊ယာဒူးပွန်းနာကျင်​ဒဏ်​ရာ၊ မမင်းမင်းစိုး၊၄၅နှစ်​၊အမှတ်​(၄)ရပ်​ကွက်​၊မြဝတီမြို့​နေသူတွင်​ ဦး​ခေါင်းထိပ်​ဖူး​ရောင်​၊ ​မေး​စေ့ကွဲဒဏ်​ရာ၊​အောင်​​ကျော်​မင်း၊၂၆နှစ်​တွင်​ အမှတ်​(၇၉၃)​ရွှေအုတ်​ဂူ(၁)လမ်း၊(၈)ရပ်​ကွက်​၊သာ​ကေတမြို့နယ်​​နေသူတွင်​နှာ​ခေါင်းကွဲ/ ​သွေးထွက်​ဒဏ်​ရာ၊ဟန်​ထွန်း​အောင်​၊၃၅နှစ်​၊အမှတ်​(၁၂) ​အောင်​ဗလလမ်း၊တာ​မွေမြို့နယ်​​နေသူတွင်​ ရင်​ဘတ်​နာကျင်​၊ တင်​ပဆုံနာကျင်​ဒဏ်​ရာတို့ အသီးသီးရရှိပြီး စုစု​ပေါင်း ခရီးသည်​ (၆)ဦးဒဏ်​ရာရရှိခဲ့သဖြင့်​ ဒဏ်​ရာရရှိသူများကို မှုခင်း​ဆေးစာဖြင့်​ မြဝတီ​ဆေးရုံကြီးသို့ ပို့​ဆောင်​​ပေးခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​နှင့်​ပတ်​သတ်​ပြီး ယာဉ်​​မောင်း ဟန်​သူ​အောင်​အားသင်္ဃန်းညီ​နောင်​နယ်​​မြေရဲစခန်းက အမှု​ရေးဖွင့်​ စစ်​​ဆေးလျက်​ရှိ​ကြောင်း သတင်းရရှိသည်​။

မြန်​မာ့အလင်း၊မင်းသူ/ထွန်းထွန်း​ထွေး(ဘားအံ)

No comments:

Post a Comment