Latest News

Monday, May 28, 2018

ကစားကွင်းတစ်ခုတွင် ဓါးရှည်များဖြင့် ခြိမ်းခြောက်၍ ငွေနှင့် ဖုန်းများ ယူဆောင်သွားသူများအား နာရီပိုင်းအတွင်း စုံစမ်း ဖော်ထုတ် ဖမ်းဆီးရမိ

ကစားကွင်းတစ်ခုတွင် ဓါးရှည်များဖြင့် ခြိမ်းခြောက်၍ ငွေနှင့် ဖုန်းများ ယူဆောင်သွားသူများအား နာရီပိုင်းအတွင်း စုံစမ်း ဖော်ထုတ် ဖမ်းဆီးရမိ

မန္တလေး    မေ   ၂၇

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကလေးကစားကွင်း တစ်ခုတွင် Mask များ တပ်ထားသည့်လူများမှ ဓါးရှည်များဖြင့် ခြိမ်းခြောက်ကာ ငွေနှင့် ဖုန်းများ ယူဆောင်သွားမှု မေ ၂၇ရက်နေ့ ည ၉နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့မှ နာရီပိုင်းအတွင်း စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မေလ ၂၇ရက်နေ့ ည ၉နာရီအချိန်ခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၂×၃၃လမ်းကြား၊ ၇၇×၇၈လမ်းကြားရှိ က​လေးကစားကွင်းတစ်ခုတွင် Mask များ တပ်ထားသည့် အမည်မသိအမျိုးသား(၄)ဦးမှ ဓါးရှည် (၂)ချောင်းဖြင့် ကစားကွင်း ဝန်ထမ်းများအား ခြိမ်းခြောက်ကာ ကောင်တာအတွင်းမှ ငွေ(၇၅၀၀၀ိ/-)ကျပ်နှင့် ဟန်းဖုန်းမျိုးစုံ (၈)လုံးတို့အား ယူဆောင်ကာ ဆိုင်ကယ်(၂)စီးဖြင့်ပြန်လည်ထွက်ခွာသွားခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်မန်နေဂျာဖြစ်သူမှ အမှတ်(၈)မြို့မရဲစခန်းသို့ အကြောင်းကြားရာ အမှတ်(၈)မြို့မရဲစခန်းမှ ရဲအုပ်ထင်လင်းကျော်နှင့်အဖွဲ့၊ ခရိုင်မှုခင်းအကူဌာနစိတ်မှရဲအုပ်အောင်ကိုဝင်းနှင့်အဖွဲ့ပူးပေါင်း၍ ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည့် စုံစမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့စုံစမ်းဆောင်ရွက်စဉ် ပြစ်မှုကျူးလွန်ခဲ့သူများသည် ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ ၇၆လမ်းနှင့် ပျူစောထီလမ်းထောင့်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှုးကြီး မျိုးအောင်၏ ကြီးကြပ်မှုဖြင့် ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်တို့ ဦးစီးပြီး အမှတ်(၈) မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးခင်မောင်သိန်း၊ ရဲအုပ်ထင်လင်းကျော်နှင့်အဖွဲ့၊ ခရိုင်မှုခင်းအကူဌာနစိတ်မှ ရဲအုပ် အောင်ကိုဝင်းနှင့်အဖွဲ့တို့ ပူးပေါင်း၍ သွား​ရောက်​ဖမ်းဆီးခဲ့ရာ အေးသောင်းပြုံး(ခ)ဖိုက်တာ၊ (၃၄)နှစ်၊ မှတ်ပုံတင် ရှိ/မမှတ်မိ၊ ကျပန်းလုပ်၊ ၄၁လမ်း၊ ၉၀×၉၁လမ်း ကြား၊ သာသနာပိုင်ရပ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ အာကာကျော်(ခ)တရုတ်ကြီး(၂၈)နှစ်၊ မှတ်ပုံတင် ရှိ/မမှတ်မိ၊ ကျောက်ပွဲစားလုပ်၊ လမ်း၈၀၊ ၃၆×၃၇လမ်းကြား၊ မျက်ပါးရပ်၊ မဟာအောင်မြေမြို့နယ်၊ ရဲဝင်းနိုင်(ခ)ရဲကြီး၊ (၂၄)နှစ်၊မှတ်ပုံတင် ၉/ခအဇ(နိုင်)၀၃၄၈၁၇၊ ကျပန်းလုပ်၊ အကွက်(၃၁၉)၊ထင်းဝင်းရပ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ နေလင်းထက်၊ (၃၀)နှစ်၊ ဖိနပ်လုပ်၊ ၃၂×၃၃လမ်းကြား၊ ၈၇လမ်း၊ ပဲလှော်ချောင် ပုဏ္ဏားစုရပ်၊ ချမ်းအေးသာစံမြို့နယ် နေသူတို့ (၄)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ၎င်းနေ့ ည ၁၁နာရီအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများကို စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်သည့် ပြည့်စုံ၊(၁၈)နှစ်၊မှတ်ပုံတင် မရှိ၊ ပုံနှိပ်တိုက်လုပ်၊ အကွက်(၂၆၇)၊ ပဲဝင်းရပ်၊ ချမ်းအေးသာစံမြို့နယ်၊ ကျောက်ပွဲစားလုပ်၊ လမ်း၈၀၊ ၃၆×၃၇လမ်းကြား၊ မျက်ပါးရပ်၊ မဟာအောင်မြေမြို့နယ်၊ ဇော်လှိုင်း၊ (၂၆)နှစ်၊ ဦးအောင်ပွင့်၊ မှတ်ပုံတင် ရှိ/မမှတ်မိ၊ အချဉ်ပေါင်းရောင်း၊ လက်ရွေးရပ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ ဟိန်းထက်၊မှီခို၊ လမ်း၈၀၊ ၃၆×၃၇လမ်းကြား၊ မျက်ပါးရပ်၊ မဟာအောင်မြေမြို့နယ်နေသူတို့(၃)ဦးအား ည ၁၁:၁၅နာရီတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်အပေါ် ဆိုင်မန်နေဂျာဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ဖမ်းဆီးရမိသူများဖြစ်သည့် အေးသောင်းပြုံး(ခ)ဖိုက်တာပါ(၇)ဦးအား အမှတ်(၈)မြို့မရဲစခန်း (ပ)၂၉၁/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆/၁၁၄ဖြင့် လည်းကောင်း၊ အရိုးအသွား(၂၇)လက်မခန့်ရှိ ဓါးဦးချွန် တစ်ချောင်းကိုင်ဆောင်သူ အေးသောင်းပြုံး(ခ)ဖိုက်တာအား (ပ)၂၉၂/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င)ဖြင့် လည်းကောင်း၊ အရိုးအသွား(၁၆)လက်မခန့်ရှိ ဓါးဦးချွန်တစ်ချောင်း ကိုင်ဆောင်သူ အာကာကျော်(ခ)တရုတ်ကြီးအား (ပ)၂၉၃/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င)ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားရှိကြောင်း ရဲမှတ်တမ်းများအရသိရသည်။

မြန်​မာ့အလင်း၊ကျော်ကျော်  (မလိုင်)

No comments:

Post a Comment