Latest News

Thursday, May 10, 2018

ဗန်းမော်မြို့တွင် မော်တော်ပေါ်မှ ဆန်အိတ်သယ်ဆောင်သည့်ယာဉ် မြစ်အတွင်းသို့ ထိုးကျ

ဗန်းမော်မြို့တွင် မော်တော်ပေါ်မှ ဆန်အိတ်သယ်ဆောင်သည့်ယာဉ် မြစ်အတွင်းသို့ ထိုးကျ

ဗန်းမော် မေ  ၁ဝ

ကချင်ပြည်နယ် ဗန်းမော်မြို့   ဗန်းမော် ဆိပ်ကမ်းတွင် မေ   ၉ ရက် နံနက်၁ဝ နာရီခွဲက မော်တော်ပေါ်မှ   ဆန်အိတ် သယ်ဆောင်သည့်  ၁၂  ဘီးယာဉ်တစ်စီး ဧရာဝတီမြစ်အတွင်းသို့ ထိုးကျမှုဖြစ်ပွား ခဲ့သည်။
ဗန်းမော်မြို့      ခွန်သာရပ်ကွက်ရှိ တပ်ကလေးစက်လှေဆိပ်တွင်   ယာဉ် မောင်း ဟန်ဇော်လင်း(၃ဝနှစ်)  မောင်း နှင်သည့်NISSAN 9B/---- ၁၂ ဘီးယာဉ်သည် စက်လှေပေါ်မှ ဆန်အိတ် ၃၆ဝ  ကူးပြောင်းတင်ဆောင်၍ မောင်း နှင်ထွက်ခွာစဉ်  ကမ်းပါးပေါ်သို့မတက် နိုင်ဘဲ ဧရာဝတီမြစ်အတွင်းသို့ ပြန်လည် ထိုးကျလိမ့်ဆင်းသွားခဲ့၍    မော်တော် ယာဉ်နှင့်    ယာဉ်ပေါ်ပါဆန်အိတ်များ ရေနစ်မြုပ်ခဲ့သည်။ ယာဉ်နှင့်  တင်ဆောင် ထားသည့် ဆန်အိတ်များ   ပြန်လည် ဆယ်ယူနိုင်ရေး    ဆိပ်ကမ်းမှတာဝန်ရှိ သူများနှင့် အလုပ်သမားများ  ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။      
         
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment