ဒါကာ မေ ၁ဝ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း မိုးကြိုကာလ များတွင် မိုးသက်မုန်တိုင်းများ တိုက်ခတ် ခြင်းကြောင့် နိုင်ငံသားအတော်များများ မိုးကြိုး ထိမှန်သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီသတင်းတစ်ရပ်တွင် မေ ၁ဝ ရက်က ဖော်ပြခဲ့သည်။
အကာအကွယ်မရှိသည့် လယ်ကွင်း ပြင်တွင် စပါးစိုက်ပျိုးနေသော လယ်သမား များမှာ အများအားဖြင့် မိုးကြိုးထိမှန် သေဆုံး ခဲ့သူများဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သဘာဝ ဘေးအ္တရာယ်စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူး အခ်တက်ခ်ကာရယ် အစ္စလာမ်က အေအက်ဖ်ပီ သို့ ပြောခဲ့သည်။
လွန်ခဲ့တဲ့ တစ်ရက်အတွင်း ဒေသ ၁၂ ခု၌ မိုးကြိုးထိမှန်သေဆုံးခဲ့သူပေါင်း ၂၉ ဦးရှိခဲ့ ကြောင်း၊ ¤င်းတို့အများစုမှာ လယ်သမားများ ဖြစ်ကြကြောင်း ¤င်းက ဆက်လက်ပြောကြားခဲ့ သည်။
ဘင်္ဂလားဒေ့ရှ် မိုးရာသီအတွင်း မိုးကြိုး ထိမှန်ကာ နှစ်စဉ် လူများသေဆုံး လေ့ရှိကြောင်း၊ မိုးကာလမှာ ဧပြီလမှ အောက်တိုဘာလအထိ ကြာမြင့်ကြောင်း၊ ယခုနှစ်တွင် သေဆုံးသူ မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း အရာရှိများက ပြောသည်။
မေ ၁ဝ ရက်အတွင်း မိုးကြိုးထိမှန် သေဆုံးခဲ့သူပေါင်း ၁၁၂ ဦးကျော်ရှိခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ် သဘာဝဘေး အ္တရာယ်စီမံ ခန့်ခွဲမှု ညွှန်ကြားရေးမှူး အခ်တက်ခ်ကာရယ် အစ္စလာမ်က ပြောသည်။
မိုးကြိုးပစ်မှုကြောင့် တစ်နေ့လျှင် လူ ၁ဝ ဦးမှ ၁၂ ဦးအထိ သေဆုံးလေ့ရှိ ကြောင်း၊ ထို့အတူ လယ်ကွင်းထဲတွင် အလုပ်လုပ်ကိုင် လျက်ရှိသော လယ်သမားကြီးများလည်း ယခုလိုရာသီကို အကြောက်ဆုံးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သဘာဝဘေးအ္တရာယ်စီမံခန့်ခွဲ မှု ညွှန်ကြားရေးမှူး အခ်တက်ခ်ကာရယ် အစ္စလာမ်က ဆက်လက်ပြောကြားသည်။
ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ် သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သဘာဝဘေး အ္တရာယ်များနှင့် ဆက်စပ်သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ကျေးလက်ဒေသများတွင် သစ်တော ပြုန်းတီးမှု များပြားလာခြင်းကြောင့် ဖြစ် ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြော သည်။
မြန်မာ့အလင်း
No comments:
Post a Comment