Latest News

Thursday, May 10, 2018

အဲဗာတန်အသင်းအားတိုက်စစ်မှူး ၀ိန်းရွန်းနေ စွန့်ခွာဖွယ်ရှိနေ

အဲဗာတန်အသင်းအားတိုက်စစ်မှူး ၀ိန်းရွန်းနေ စွန့်ခွာဖွယ်ရှိနေ

ပရီမီယာလိဂ်ကလပ်       အဲဗာတန်အသင်း တိုက်စစ်မှူး ဝိန်းရွန်းနေသည် လာမည့် နွေရာသီ အတွင်း  အမေရိကန်  မေဂျာလိဂ်ကလပ်  ဒီစီ ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်း များတွင် ရေးသားဖော်ပြထားသည်။
အင်္ဂလန်တိုက်စစ်မှူး ရွန်းနေသည် ၂ဝ၁၇ ခုနှစ် ဇူလိုင် ၉ ရက်တွင် မန်ယူအသင်းမှ အဲဗာ တန်အသင်းသို့   ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ကာ တိုက်စစ်မှူး ရွန်းနေနှင့် အဲဗာ တန်အသင်းတို့   ချုပ်ဆိုထားသည့်   စာချုပ် သက်တမ်းမှာ    တစ်နှစ်ကျန်ရှိနေသေးသည်။ သို့သော်လည်း   ရွန်းနေနှင့်   ၂ဝ၁၇   ခုနှစ် နိုဝင်ဘာ  ၃ဝ  ရက်တွင်  အဲဗာတန်အသင်း မန်နေဂျာအဖြစ် ၂ဝ၁၉ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရသူ မန်နေဂျာ ဆမ် အလာဒိုက်စ်တို့အကြား   သဘောကွဲလွဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့်   ရွန်းနေသည်   သူ၏ ကစားသမားဘဝစတင်ခဲ့သည့်      အဲဗာတန် အသင်းမှ ထွက်ခွာရန်  စီစဉ်နေခြင်းဖြစ်သည်။

မန်နေဂျာ   ဆမ်အလာဒိုက်စ်က    မန်ယူ ကစားသမားဟောင်း ရွန်းနေအား တိုက်စစ်မှူး အဖြစ်မှ       ကွင်းလယ်ကစားသမားအဖြစ် ပြောင်းလဲကစားစေခြင်းကြောင့်  ရွန်းနေသည် မပျော်မရွှင်ဖြစ်နေရသည်ဟုဆိုသည်။ ယခုနှစ် ဘောလုံးရာသီတွင်  ရွန်းနေသည်  အဲဗာတန် အသင်းအတွက်    ပရီမီယာလိဂ်  ဂိုး   ၁ဝ ဂိုး အပါအဝင် စုစုပေါင်း ၁၁ ဂိုး သွင်းယူထားသူ ဖြစ်သည်။
တိုက်စစ်မှူး   ရွန်နေ၏   ကိုယ်စားလှယ် များနှင့် ဒီစီယူနိုက်တက်အသင်း ကိုယ်စားလှယ် များသည် အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်ကတည်းက ဆွေးနွေးမှုများ စတင်ပြုလုပ်နေခဲ့ခြင်း ဖြစ်သည် ဟုဆိုသည်။  အမေရိကန်ဘောလုံးလောက၏ နွေရာသီကစားသမား အပြောင်းအရွှေ့ဈေးကွက် ကာလသည် ဇူလိုင်လ ၁ဝ ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။ ဒီစီယူနိုက်တက်အသင်း သည် မန်ယူမှ အဲဗာတန်အသင်းသို့ တိုက်စစ်မှူး ရွန်နေး မပြောင်းရွှေ့မီကတည်းက ရွန်နေးအား ခေါ်ယူရန်  ချဉ်းကပ်မှုများ  ပြုလုပ်ခဲ့ဖူးသည့် အသင်းဖြစ်ကြောင်း သတင်းများတွင် ဆက်လက် ရေးသားထားသည်။

မန်နေဂျာ    ဆမ်အလာ ဒိုက်စ်က တိုက်စစ်မှူး ရွန်းနေ နှင့် ပတ်သက်၍ မကြာသေး မီက ''ရွန်နေးဟာ ပြည်ပ ကလပ်တစ်ခုကို ပြောင်း ရွှေ့လိမ့်မယ်ဆိုတဲ့ ထင် ကြေးပေး    သတင်း တွေ ထွက်ပေါ်နေ ပါတယ်။   ဒါပေ မယ့်   လက်ရှိ အချိန်မှာတော့ ရွန်းနေဟာ  အဲ ဗာတန်   အသင်း ကစားသမားဖြစ်သလို အဲဗာတန်      အသင်းရဲ့ ပရိသတ်တစ်ဦးအဖြစ်   ရှိနေ သူပါ။
ကျွန်တော့်အနေနဲ့လည်း ဘာကို မှ    စဉ်းစားမနေပါဘူး''ဟု    ပြောဆိုခဲ့ သည်။

ထက်အောင်

No comments:

Post a Comment