Latest News

Sunday, May 6, 2018

သေဆုံးသူမှာ အမျိုးသားတစ်​ဦးဖြစ်​ပြီး လွန်​ခဲ့​သော ရှစ်​လခန့်​က ဒါးက​နေအိမ်​မှ ထွက်​သွားသူဖြစ်​​နေ


ဧရာဝတီတိုင်း​ဒေသကြီး၊ပုသိမ်​ခရိုင်​၊​ကျောင်းကုန်း
မြို့နယ်​၊ဂုန်​မင်းအုပ်​စုလယ်​တီစု​ကျေးရွာအနီး ပုသိမ်​-မုံရွာကားလမ်း​ဘေး လယ်​ကွက်​များကြားရှိ ရိုး
ချောက်​ထဲတွင်​ မီး​လောင်​ထား​သော လူအရိုးစုကို ​မေလ ၆ ရက်​​နေ့ နံနက်​ ၉ နာရီအချိန်​ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊မြို့နယ်​ရဲတပ်​ဖွဲ့မှူး၊မြို့မစခန်းမှူးနှင့်
မြို့နယ်​ဆရာဝန်​ကြီး တို့က လူပုံသဏ္ဍန်​ပြန်​လည်​စိစစ်​ ​နေရာချကာ စစ်​​ဆေးခဲ့ကြသည်​။
ဦး​ခေါင်းခွံအနီးတွင်​ ​တွေ့ရှိ​သော လက်​ကိုင်​ဖုန်းအတွင်းမှ ဖုန်းကဒ်​ကို မြို့မစခန်းမှူး မှ ဖုန်းထဲတွင်​ထည့်​ထားစဉ်​ ​မေလ ၅ ရက်​​နေ့ညက ​သေဆုံးသူ၏ အ​ဒေါ်ဖြစ်​သူ ​ဒေါ်လှဆန်းရီ မှဖုန်း​ခေါ်ဆိုသဖြင့်​ အဆက်​အသွယ်​ရကာ ယ​နေ့နံနက်​ ဖခင်​ ဦးမြင့်​စိန်​၊
ကျေးရွာအုပ်​ချုပ်​​ရေးမှူးတို့ လိုက်​လာရာ လွန်​ခဲ့​သော ၉ လပိုင်း ၂၀ ရက်​​နေ့က ဒါးက​နေအိမ်​မှ
ထွက်​သွားခဲ့​ကြောင်း၊မိသားစုပြသနာဖြင့်​ စိတ်​ညစ်​ကာ သူစီး​နေကျ လိုင်းကားဖြင့်​ ​ပေ​လေးဆယ်​ တံတားမှာ ဆင်းသွား​သည်​ကို ကြားသိရသဖြင့်​ လိုက်​ရှာခဲ့​ကြောင်း၊သူ၏အ​ဒေါ်မှ သုံးရက်​ခြားတစ်​ခါ ဖုန်း​ခေါ်ဆို​နေရာ မ​နေ့ကမှ ဖုန်းဝင်​ကာ အလုံးစုံသိရှိရသဖြင့်​ လိုက်​လာရ​ကြောင်း၊​သေဆုံးသူမှာ ကန်​ကြီး​ထောင့်​မြို့နယ်​၊ဒါးကအုပ်​စု၊ကိုးဆူ​နေ ကိုဆန်းမြင့်​ဦး(၄၁)နှစ်​ ဖြစ်​ပြီး၊သားသမီးတစ်​ဦး ရှိ​ကြောင်း၊ဒါးကဆန်​စက်​တွင်​ အလုပ်​လုပ်​​ကြောင်းကို သူ၏ညီအစ်​ကို ဝမ်းကွဲ​တော်​စပ်​သူ ဒါးကပရဟိတမှ ကိုသန်း
နိုင်​ က​ပြောသည်​။
လင်း​ခေတ်​​ဇော်​(​ကျောင်းကုန်း)






No comments:

Post a Comment