Latest News

Sunday, May 6, 2018

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ဝ၁၈ ခုနှစ် (၄)လအတွင်းမီးလောင်မှု (၈၃)ကြိမ်ဖြစ်ပွားခဲ့

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ဝ၁၈ ခုနှစ် (၄)လအတွင်းမီးလောင်မှု (၈၃)ကြိမ်ဖြစ်ပွားခဲ့

မုံရွာ   မေ ၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂ဝ၁၈ ခုနှစ်ဇန်နဝါရီ လမှ ဧပြီလအတွင်းမီးလောင်မှု (၈၃)ကြိမ်ဖြစ်ပွားခဲ့ရာဆုံးရှုံးမှု တန်ဘိုးငွေကျပ် သန်း(၁၇ဝဝ)ကျော် ရှိခဲ့ကြောင်းစစ်ကိုင်းတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။

 ''မီးလောင်မှုတွေဖြစ်ပွားပြီးဆုံးရှုံးမှုတွေကဖွံ့ဖြိုးရေးတွေမှာအဟန့်အတားတွေဖြစ်စေပါတယ်၊ မီးလောင်မှုတွေကို ပြန်ကြည့်ရင် ပေါ့ဆလို့ဖြစ်တာတွေကများပါတယ်၊ မီးလောင်မှုဖြစ်ရင်လည်း ကြိတ်ပြီးမီးငြိမ်းသတ်တယ်၊ မနိုင်မှသာအကြောင်းကြား သလိုဖြစ်နေတဲ့ အတွက် အခုနှစ်မှာဆုံးရှုံးမှုတန်ဘိုးတွေ မြင့်တက်လာတာပါ၊ မီးသုံးစွဲသူတွေအနေနဲ့ မီးသတ်ဦးစီးဌာနရဲ့ အသိပညာပေးဟောပြော တာတွေကိုဂရုတစိုက်နားထောင်ပြီးစည်းကမ်းတွေလိုက်နာကြရင်မီးလောင်မှုတွေလျော့နည်းသွားမှာပါ''ဟုစစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၆ ခုနှစ်တွင် မီးလောင်မှု (၁၈ဝ)ကြိမ်ဖြစ်ပွားခဲ့ရာငွေကျပ် (၁၃၅)သန်းခန့်လည်းကောင်း ၂ဝ၁၇ ခုနှစ်အတွင်းမီးလောင်မှု (၁၉၃)ကြိမ်ဖြစ်ပွားခဲ့ပြီးငွေကျပ်(၁၁၄)သန်း ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီးယခုနှစ်အတွင်း (၄)လတာတွင် မီးလောင်မှု (၈၃)ကြိမ်ဖြစ်ပွားခဲ့ပြီးဆုံးရှုံးမှုအဖြစ် ငွေကျပ်သန်းပေါင်း (၁၇ဝဝ)ကျော်အထိရှိခဲ့ကြောင်းသိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment