အောင်လအန်ဆန်၏MMAမစ်ဒယ်ဝိတ်တန်း
ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ဇွန် ၂၉ ရက် ထိုးသတ်မည်
ရန်ကုန် ဧပြီ ၂၃
MMA ဘက်စုံကိုယ်ခံပညာသုံး ပြိုင်ပွဲတွင် ဝိတ်တန်းနှစ်ခု၌ ကမ္ဘာ့ချန်ပီယံဆုရထားသည့် မြန်မာ ကစားသမား အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို ဇွန် ၂၉ ရက် တွင် ထိုးသတ်ရမည်ဖြစ်သည်။ အောင်လအန်ဆန် သည် ယခုနှစ်တွင် ကမ္ဘာ့ ချန်ပီယံဆုကာကွယ် ပွဲနှစ်ပွဲ ထိုးသတ်ရမည်ဖြစ်ပြီး ဇွန်လတွင် မစ်ဒယ်ဝိတ်တန်း၊ စက်တင်ဘာတွင် လိုက်ဟဲဗီးဝိတ်တန်းတို့ ထိုးသတ်ရ မည်ဖြစ်သည်။
MMA ပြိုင်ပွဲများကို တာဝန်ယူကျင်းပနေ သည့် ONE Championships အဖွဲ့အစည်း သည် မူလက ၂ဝ၁၈ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြိုင်ပွဲတစ်ကြိမ်သာကျင်းပရန် စီစဉ်ထားသော် လည်း သုံးကြိမ်အထိ ပြောင်းလဲကျင်းပမည်ဖြစ် သည်။
အောင်လအန်ဆန်သည် ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲထိုးသတ်ရမည်ဖြစ်ပြီး ပြိုင်ဘက်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ အောင်လ အန်ဆန်သည် ၂ဝဝ၅ ခုနှစ်တွင် MMAပြိုင်ပွဲ စတင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲများ စတင်ထိုး သတ်ခွင့် ရရှိခဲ့သည်။ ၂ဝ၁၇ ခုနှစ် ဇွန် ၃ဝ ရက်တွင် ကျင်းပသည့် မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံဆုစိန်ခေါ်ပွဲတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို ရှုံးကြွေးပြန်ဆပ်ကာ ပထမဆုံး က္ဘာ့ ချန်ပီယံဖြစ်ခဲ့သည်။ ထို့ပြင် ယခုနှစ် ဖေဖော်ဝါရီတွင် ဝိတ်တန်းတက်ကာ လိုက်ဟဲဗီးဝိတ် က္ဘာ့ချန်ပီယံဆု စိန်ခေါ် ပွဲအဖြစ် ဘရာဇီးနိုင်ငံသား မာချာဒိုနှင့် ထိုးသတ်ရာ ပထမအချီမှာပင် ခြေကန် ချက်ဖြင့် အနိုင်ယူပြီး ဝိတ်တန်းနှစ်ခု၌ က္ဘာ့ချန်ပီယံဆုရသည့် ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။
အောင်လအန်ဆန်သည် ကမ္ဘာ့ ချန်ပီယံဆုကာကွယ်ပွဲများ ထိုးသတ်ရန် အမေရိကန်နိုင်ငံ၌ လေ့ကျင့်ပြင်ဆင်လျက် ရှိပြီး မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ် က္ဘာ့ချန်ပီယံဆု နှစ်ခုစလုံးကို မြန်မာ ပရိသတ်များ ရှေ့မှောက်တွင် ကာကွယ် တော့မည်ဖြစ်သည်။
ရဲရင့်ရှိုင်း(MMAL)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment