Latest News

Monday, April 23, 2018

မူဆယ်မြို့၌အဝေးထိန်းမိုင်းတစ်လုံးတွေ့ရှိ

မူဆယ်မြို့၌အဝေးထိန်းမိုင်းတစ်လုံးတွေ့ရှိ

မူဆယ် ဧပြီ  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ဧပြီ ၂၃ရက် ညနေ ၆ နာရီ ၁၅မိနစ် ခန့်က မူဆယ်မြို့ ဟိုမွန်ရပ်ကွက် လေ့ကျင့်ရေးဂေါက်ကွင်း ခြံစည်းရုံအနီး၌ မိုင်းဟုယူဆရသော ပလတ်စတစ်ဖြင့်ထုပ်ထားသော မင်္သကာစရာ အထုပ်တစ်ထုပ်တွေ့ရှိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ဧပြီ၂၃ ရက် ညနေ ၆ နာရီခွဲခန့်တွင် မူဆယ်မြို့ နေထိုင်သူတစ်ဦးမှ  လေ့ကျင့်ရေးဂေါက်ကွင်းတွင်ဘောလုံးကစားနေစဉ် ခြံစည်းရိုးအနီး၌ ပလတ်စတစ်ဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်အားတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ သတင်းပေးပို့ခဲ့သည်။  အဆိုပါသတင်းပေးပို့ချက်အရ အခင်းဖြစ်ပွားရာ နေရာသို့ နယ်မြေခံတပ်မတော်မှ စစ်ကြောင်းအဖွဲ့များ၊  ရဲတပ်ဖွဲ့ ဝင်များ၊ နမ့်ခမ်းမြို့မပြည်သူ့စစ် (ဌာနေ) မှ တပ်ဖွဲ့ဝင်များနှင့်  သက်ဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိလာပြီး ကြည့်ရှု စစ်ဆေးခဲ့ရာ  လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့  (စုံစမ်းဆဲ) မှ  ထောင်ထားသော  ဓာတ်ခဲငါးလုံး ဆားကစ်ပြားဝိုင်ယာကြိုးတပ်လျက် ပလတ်စတစ်ဖြင့် ထုပ်ထားသော အဝေးထိန်းမိုင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်။
ထို့နောက်အဆိုပါမိုင်းအား နယ်မြေခံတပ်မတော်မှ သက်မဲ့ပြုလုပ်ပြီး ညနေ ၆ နာရီ မိနစ် ၄ဝ ခန့်တွင် အောင်မြင်စွာ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။        
                                   
သန့်ဇင် - မူဆယ်(မြန်​မာ့အလင်း)

No comments:

Post a Comment