Latest News

Monday, April 23, 2018

ပထမဆုံးရုပ်သံဇာတ်လမ်းတွဲလက်ခံရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်း ပြောပြခဲ့တဲ့ စိုးပြည့်သဇင်

ပထမဆုံးရုပ်သံဇာတ်လမ်းတွဲလက်ခံရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်း
ပြောပြခဲ့တဲ့   စိုးပြည့်သဇင်

ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားသလို ဂီတနယ်ပယ်မှာလည်း တစ်ကိုယ်တော်တေးအယ်လ်ဘမ်တွေထွက်ရှိထားတဲ့ သရုပ်ဆောင် စိုးပြည့်သဇင်က 'ဇနီးချောများကွန်ရက်' အမည်ရှိဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်သံဇာတ်လမ်းတွဲဟာ သူ့အတွက် ပထမဆုံးဇာတ်လမ်းတွဲဖြစ်ပြီး
ပါဝင်သရုပ်ဆောင်ဖို့ လက်ခံဖြစ်ခဲ့တဲ့စိတ်ကူးကိုလည်း စိုးပြည့်သဇင်က အခုလိုပြောပြခဲ့ပါတယ်။

''ဒါက စိုးပြည့်အတွက် ပထမဆုံးဇာတ်လမ်းတွဲပါ၊ စိုးပြည့်တစ်ခါမှ ဇာတ် လမ်းတွဲ မရိုက်ဖူးဘူး၊ ဒါရိုက်တာဦးအောင်သြဘာနဲ့ စိုးပြည့်အရင်ကတည်းကလည်း ရိုက်နေကျ၊   ဇာတ်လမ်းကလည်းကောင်းတယ်။ စိုးပြည့်အနေနဲ့ လည်း ဇာတ်လမ်းတွဲကိုတစ်ခါမှ အတွေ့အကြုံ မရှိဖူးဘူး၊ စိုးပြည့်ကိုယ်တိုင် လည်းရိုက်ချင်တဲ့အတွက် လက်ခံဖြစ်ခဲ့တာပါ'' လို့ သူက ပြောပါတယ်။

'ဇနီးချောများကွန်ရက်' ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်နေရာနဲ့ပတ်သက်ပြီးတော့လည်း 'စိုးပြည့်ကအိမ်ထောင်သည်အမျိုးသမီးတစ်ယောက်နေရာကပါ၊ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက် ဆိုပေမယ့် ဖက်ရှင်ကျကျလည်းဖြစ်ရမယ်၊ ခေတ်လည်းအရမ်းမဆန်ဘူး၊ မြန်မာဆန်ဆန်လည်းဖြစ်ရမယ်လို့ ဒါရိုက်တာကပြောတဲ့အတွက် သရုပ်ဆောင်ရမယ့် ကာရိုက်တာနဲ့ လိုက်ဖက်မယ့် ဝတ်စုံတွေကို ဒီဇိုင်နာ မမေမြတ်ဝါဆိုနဲ့
တိုင်ပင်ပြီး သေချာလေးပြင်ဆင်ဖြစ်ခဲ့ပါတယ်'' လို့ သူက ပြောပြပါတယ်။

သရုပ်ဆောင်စိုးပြည့်သဇင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ တေးသံရှင် တူးတူး  ၊ အိမ့်ချစ်တို့နဲ့အတူ ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေစုပေါင်းကျင်းပတဲ့ ၁၈ ကြိမ်မြောက် မြန်မာသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရန် ကိုရီးယားနိုင်ငံကိုရောက်ရှိနေတယ်လို့သိရပါတယ်။

မေနှင်းဆီ(​ကြေးမှုံ)

No comments:

Post a Comment