Latest News

Monday, April 23, 2018

အမေ ဇာတ်ရုပ်နေရာ ကမ်းလှမ်းလာရင်လည်း ကြိုးစားပြီးရိုက်မှာပါလို့ဆိုလာတဲ့ ထက်ထက်မိုးဦး

အမေ ဇာတ်ရုပ်နေရာ ကမ်းလှမ်းလာရင်လည်း
ကြိုးစားပြီးရိုက်မှာပါလို့ဆိုလာတဲ့ ထက်ထက်မိုးဦး

အနုပညာလောကမှာ ထိပ်တန်းတီဗွီကြော်ငြာမင်းသမီးတစ်ယောက်အဖြစ် အောင်မြင်မှုတွေရရှိခဲ့သလို သရုပ်ဆောင်လောကမှာလည်း ထပ်ဆင့်အကယ်ဒမီဆုရှင်အဖြစ် ပရိသတ်အားပေးမှုရရှိထားတဲ့ ထက်ထက်မိုးဦးက တစ်ကျော့ပြန် အနုပညာလှုပ်ရှားမှုတွေကိုပြန်လည်လုပ်ဆောင်တော့မယ်လို့သိရပါတယ်။

အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေရပ်နားထားခဲ့တဲ့ သူ့အနေနဲ့ ကမ်းလှမ်းလာတဲ့ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆို အကောင်းဆုံးကြိုးစား သရုပ်ဆောင်သွားမယ်လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

ဘယ်လိုဇာတ်လမ်းပဲဖြစ်ဖြစ် ထက်က အကုန်လုံးရိုက်ချင်တယ်။

ထူးထူးခြားခြားဇာတ်လမ်းလာငှားရင်လည်းထူးထူးခြားခြား ဇာတ်လမ်းလေးကို သေချာကြိုးစားပြီးတော့ရိုက်သွားမယ်၊ အမေဇာတ်ရုပ်နေရာကမ်းလှမ်းလာရင်လည်း ထပ်ရိုက်မှာပါ၊ ကမ်းလှမ်းလာတဲ့ ဇာတ်လမ်းအပေါ်မူတည်ပြီး  ကြိုးစားပြီးရိုက်ရမှာပါပဲ၊ ဟိုးအရင်ကတည်းက အလုပ်နဲ့ပတ်သက်ရင် ထက်ညံ့ မှာအရမ်းကြောက်တယ်၊ လိုအပ်တာတွေကိုဒါရိုက်တာကိုမေးတယ်၊ အမြဲတမ်း ကိုယ့်ဘက်က ဘာတွေလိုအပ်တယ်ဆိုတာ လေ့လာတယ်၊ အက်တင်ပိုင်းပဲ ဖြစ်ဖြစ်၊ အဝတ်အစားပိုင်းပဲဖြစ်ဖြစ် ဒါရိုက်တာနဲ့ အမြဲတမ်းညှိနှိုင်းတယ်၊  အနုပညာနဲ့ပတ်သက်ရင် ဒီနေ့ ဒီအချိန်ထိ ထက်ဘက်က တာဝန်ကျေအောင် လုပ်တယ်၊ ထက်အမြဲတမ်းကြိုးစားတယ်၊ ရှေ့ဆက်ပြီးတော့လည်း အလုပ်နဲ့ ပတ်သက်ရင် အရာရာအကုန်လုံးကိုဘေးဖယ်ထားပြီး ကြိုးစားသွားမှာပါ''လို့ ထက်ထက်မိုးဦးက ပြောပြခဲ့ပါတယ်။

အနုပညာလှုပ်ရှားမှုတွေအနေနဲ့ စိန်ဌေးထုတ်လုပ်ရေးအတွက် ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားတဲ့ 'ရှယ်ချွေးမ' ရုပ်ရှင်ဇာတ်ကားမှာ  ရန်အောင်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ခင်ဝင့်ဝါတို့နဲ့အတူ ထက်ထက်ပါဝင် သရုပ် ဆောင်ထားတယ်လို့သိရပါတယ်။                    

မေနှင်းဆီ(Mirror)

No comments:

Post a Comment