Latest News

Monday, April 23, 2018

စပိန် ကိုပါဒယ်ရေးဖလား ဘာစီလိုနာ လေးနှစ်ဆက်ဆွတ်ခူး

စပိန် ကိုပါဒယ်ရေးဖလား ဘာစီလိုနာ လေးနှစ်ဆက်ဆွတ်ခူး

ဘာစီလိုနာအသင်းသည်  ဆီဗီလာအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့သည့်    စပိန်ကိုပါဒယ်ရေးဖလားနောက်ဆုံး ဗိုလ်လုပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် စပိန်ကိုပါဒယ်ရေး ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်သည်။

ဘာစီလိုနာအသင်းသည် ဆီဗီလာအသင်းနှင့် ပွဲစဉ် တွင် အနိုင်ရရှိခဲ့ခြင်းကြောင့် လေးနှစ်ဆက်တိုက် စပိန်ကို ပါဒယ်ရေးဖလားချန်ပီယံဖြစ်လာခဲ့ပြီး အဆိုပါပွဲစဉ်တွင် ဘာစီလိုနာအသင်းအတွက် သွင်းဂိုးများကို ဆွာရတ်ဇ်(၁၄ မိနစ်၊ မိနစ် ၄ဝ)၊ မက်ဆီ(၃၁ မိနစ်)၊အင်နီယေစတာ(၅၂ မိနစ်)နှင့် ကော်တင်ဟို(၆၉ မိနစ်)တို့က သွင်းယူပေးခဲ့ ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည်    ဗိုလ်လုပွဲအဆင့်သို့ နောက်ဆုံးငါးရာသီဆက်တိုက်    တက်ရောက်ခဲ့သည့် အသင်းဖြစ်ပြီး ယင်းသို့ တက်ရောက်ခဲ့သည့် ငါးရာသီတွင် ၂ဝ၁၃-၂ဝ၁၄ ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ် အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တစ်ပွဲသာ အနိုင်ရလဒ်ဖြင့် လွဲချော်ခဲ့ရခြင်းဖြစ်ပြီး လေးရာသီဆက် တိုက်ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည်       နောက်ဆုံးလေးရာသီ ဆက်တိုက်   စပိန်ကိုပါဒယ်ရေးဖလားချန်ပီယံဖြစ်ခဲ့ရာတွင် ဆီဗီလာအသင်းနှင့် နောက်ဆုံးဗိုလ်လုပွဲနှစ်ကြိမ်အထိ တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် ယခုတစ်ကြိမ် စပိန်ကိုပါ ဒယ်ရေးဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့် အသင်း၏ သမိုင်းတစ်လျှောက်တွင် စပိန်ကိုပါဒယ်ရေးဖလားကို အကြိမ်(၃ဝ)မြောက်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ငွေကြယ်(​ကြေးမှုံ)

No comments:

Post a Comment