Latest News

Tuesday, April 24, 2018

လေပွေလှိုင်းများအရှိန်ကြောင့် မိုးထစ်ချုန်းရွာနိုင်

လေပွေလှိုင်းများအရှိန်ကြောင့် မိုးထစ်ချုန်းရွာနိုင်

နေပြည်တော်   ဧပြီ   ၂၄

ယနေ့ မွန်းလွဲ ၃ နာရီခွဲ မိုးလေဝသတိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှ ရွေ့လျားလာမည့် လေပွေ လှိုင်း၏   အရှိန်ကြောင့်   ဧပြီ   ၂၆   ရက်မှ   ၃ဝ   ရက်အတွင်း နေပြည်တော်၊ မ္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊   တနင်္သာရီတိုင်းဒေသကြီး၊   ရှမ်းပြည်နယ်၊   ရခိုင် ပြည်နယ်၊     ကယားပြည်နယ်၊     ကရင်ပြည်နယ်နှင့်      မွန် ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာ နိုင်​ကြောင်း မိုး​လေ၀သနှင့်​ဇလ​ဗေဒဦးစီးဋ္ဌာန မှသတင်းထုတ်​ပြန်​ထားသည်​။

သို့ဖြစ်ပါ၍ အဆိုပါရက်များ အတွင်း     မုတ္တမကွေ့၊      မွန်-တနင်္သာရီ        ကမ်းရိုးတန်း     တစ်လျှောက်နှင့်     ကမ်းလွန်     ပင်လယ်ပြင်တို့တွင်        တစ်ခါ တစ်ရံ   မိုးသက်လေပြင်းများ ကျရောက်ပြီး       လှိုင်းအသင့် အတင့်မှ     လှိုင်းကြီးနိုင်သည်။     မိုးသက်လေပြင်းကျစဉ် ရေပြင်၊  မြေပြင်လေသည် တစ်နာရီလျှင် ၃၅    မိုင်အထိ   တိုက်ခတ်နိုင်​ ​ကြောင်း မိုး​လေ၀သနှင့်​ဇလ​ဗေဒဦးစီးဋ္ဌာန မှသတင်းထုတ်​ပြန်​ထားသည်​။

ပိုတို - မိုး​လေ၀သနှင့်​ဇလ​ဗေဒဦးစီးဋ္ဌာန


No comments:

Post a Comment