Latest News

Tuesday, April 24, 2018

ဒုရဲမှူးမိုးရန်နိုင်၏ ရုံးချိန်းထွက်ဆိုချက် အကျဉ်းချုပ်

ဒုရဲမှူးမိုးရန်နိုင်၏ ရုံးချိန်းထွက်ဆိုချက် အကျဉ်းချုပ်

Photo Credit
ဒုရဲမှူးတို့ အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ရခိုင်ပြည်နယ် ကနေ နိုဝင်ဘာ ၁၁ ရက်မှာပြန်လာကြပြီး နိုဝင်ဘာ ၁၅ မှ ရန်ကုန်ရောက်တယ်။

ကိုဝလုံးက ဒုရဲမှူးဆီဖုန်းဆက်ပြီး တာဝန်ကျကာလက အခြေအနေကိုမေးဖို့ တွေ့ချင်တယ်ပြောတယ်။ နိုဝင်ဘာ၂၃ မှာ အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ဝင်းထဲက သက်သာရေးဆိုင် မှာ ချိန်းပြီး မိနစ်၂ဝ ကြာ အင်တာဗျူး လုပ်ခဲ့တယ်။ ကိုဝလုံး ကလည်း ဘာစာရွက်မှ မတောင်းခဲ့သလို သူလည်းဘာမှ မပေးခဲ့ဘူး။

ဒီဇင်ဘာ ၁၂ မှာတော့ သုဝဏ္ဏမှာ လုံခြုံရေးဆောင်ရွက်နေစဉ် အမှတ် (၈) ရဲ့ ခေတ္တ တာဝန်မှူးဖြစ်တဲ့ ရဲမှူးဝေလင်းကိုက ကွပ်ကွဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုက ခေါ်ခိုင်းလို့ဆိုပြီး အမှတ် (၈) ကို ပြန်လိုက်သွားရတယ်။

သူရောက်တဲ့အချိန်မှာ ရဲမှူးချုပ်အပါအဝင် ရဲအရာရှိတွေ၊ အရပ်ဝတ်ရဲတွေအများအပြားတွေ့ခဲ့ရတယ်လို့ပြောတယ်။ သူရောက်တာနဲ့တပြိုင်နက် ရဲမှူးမျိုးကြည်က သူ့လက်ကိုင်ဖုန်းကို သိမ်းလိုက်တယ်။ပြီးတော့ အဲ့မှာရှိတဲ့ တပ်ခွဲမှူးရုံးခန်းတစ်ခုမှာ သတင်းရဲတပ်ဖွဲ့က သူ့ကိုစစ်တယ်။

သူ့အပြင် ရဲအုပ်စိုးနိုင်ဦး၊ တပ်ကြပ်ကြီးခင်မောင်လင်း၊ တပ်ကြပ်ကြီးကျော်လင်းအောင်၊ ဒုတပ်ကြပ်နိုင်လင်းနဲ့ ရဲတပ်သား အောင်မင်း တို့ကိုလည်းစစ်တယ်။

ဒုတပ်ကြပ်နိုင်လင်းကလွဲပြီး ကျန်ငါးဦးက ကိုဝလုံးနဲ့ ဆက်သွယ်ပြီးပြီလို့ အဲဒီမှာ ထွက်ဆိုခဲ့ကြတယ်။ ဒါပေမယ့် ချိန်းဆိုထားပြီးဖြစ်ပေမယ့် မတွေ့ရသေးဘူးလို့ ဒုတပ်ကြပ်နိုင်လင်းက ထွက်ဆိုခဲ့တယ်။

အဲ့ဒီလိုထွက်ဆိုပြီးနောက်ပိုင်း ရဲမှူးချုပ်တင်ကိုကိုက သတင်းထောက် ဝလုံးကို မိမှဖြစ်မယ်၊ မမိရင်အားလုံးကို အရေးယူမယ် လို့ပြောတယ်။

အဲဒီနောက်မှာ ဒုတပ်ကြပ်နိုင်လင်းကို ကိုဝလုံးနဲ့တွေ့ဖို့ ဖုန်းဆက်ခိုင်းတယ်။ စားသောက်ဆိုင် တစ်ဆိုင်မှာ တွေ့ဖို့ပြော ခိုင်းတယ်။ ရဲမှူးချုပ်က အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲနဲ့ ဆိုင်တဲ့ စာရွက်တွေကို ကိုဝလုံးလက်ထဲထည့်ခိုင်းလိုက်တယ်။ ဒုတပ်ကြပ်နိုင်လင်း နဲ့အတူ ရဲအရာရှိ တစ်ဦးကိုပါ လိုက်သွား ခိုင်းတယ်။

အဲဒီမှာ ရဲမှူးချုပ်က ဘာထပ်ပြောလဲဆိုတော့ စာရွက်စာတမ်းတွေပေးပြီးနောက် ကိုဝလုံးပြန်ထွက်တဲ့အခါ ထောက်ကြန့်နယ်ထိန်းက စောင့်ဖမ်းပေးဖို့ မှာကြားတယ်။ မြောက်ပိုင်းခရိုင်က ဒုရဲမှုးကြီးကိုလည်း အနီးကပ်ကွပ်ကဲပြီး ညွှန်ကြား ရန် မှာကြားခဲ့တယ်။ ဒုတပ်ကြပ် ပြန်ရောက်လာတဲ့အချိန် ကိုဝလုံးအပြင် ရခိုင်လူမျိုး တစ်ဦးပါ ဖမ်းဆီးခဲ့တယ် လို့ပြောတာ ကိုကြားရတယ်။

သူ(ဒုရဲမှူးမိုးရန်နိုင်)နဲ့ စစ်ဆေးခံရတဲ့ ရဲငါးဦးကတော့ ည ၁၀ နာရီမှာ ချုပ်နှောင်ဖမ်ဆီးခြင်းခံလိုက်ရတယ်။ တစ်ပတ်ကြာတဲ့အခါ သူနဲ့ ရဲတပ်ကြပ် ခင်မောင်လင်း ကလွဲပြီး ကျန်လေးဦးကိုလွှတ်ပေးခဲ့တယ်။

သူတို့၂ဦးကို ရဲစည်းကမ်း ထိန်သိမ်းရေးဥပဒေ ၁၆(ခ) နဲ့ စွဲထားပြီး ဒီနေ့(ဧပြီ၂၀) အချိန်ထိစစ်ဆေးခံနေရတယ်။ မိသားစုနဲ့ မတွေ့ရတာလည်း ၁၂၉ ရက်ရှိပြီ။ သူတို့ကို စုံခုံ၊ သက်ချုပ်အဆင့်အထိ စစ်ဆေးပြီးဖြစ်ပြီး ရဲတရားရုံးက စစ်ဆေးနေတဲ့ အဆင့်ရောက်ရှိနေပြီဖြစ်တယ်။

• ရဲထံထွက်ဆိုချက်အကျဉ်းချုပ်

ရဲထံထွက်ဆိုတဲ့ ထွက်ဆိုချက်မှာ ရဲမှုးချုပ်တင်ကိုကို အကြောင်းအရာတော့ မပါဝင်ခဲ့တာကတော့ ကိုဝလုံးအမှုကိစ္စ အတွက် သူ့ရဲ့ထွက်ဆိုချက်ကို သုံးမယ်ဆိုတာ အမှုစစ် ရဲတွေက မပြောတဲ့အတွက် မပါခဲ့တာလို့လည်း ပြောပါတယ်

https://www.facebook.com/koyeemontun/posts/10210774206143410

Yee Mon Tun( Facebook)

No comments:

Post a Comment