Latest News

Tuesday, April 24, 2018

ရန်ကုန်လိုင်စင်ချထားပေးဖို့မျှော်တဲ့ကားဈေးကွက်

ရန်ကုန်လိုင်စင်ချထားပေးဖို့မျှော်တဲ့ကားဈေးကွက်


သင်္ကြန်   အပြီး   ရန်ကုန်ကားဈေးကွက်မှာ   သင်္ကြန်မတိုင်မီရက် များထက်   ပိုမိုအေးစက်နေကြောင်း   သိရသည်။   ကားသစ် တင်သွင်းမှုသည်  မရှိသလောက်   ရပ်တန့်နေသော ကြောင့် ဈေးကွက်တွင်းမှ မော်တော်ကားများ အရောင်းအဝယ်     ဖြစ်လာနိုင်သည်ဟု ခန့်မှန်းချက်များလည်း လွဲချော်လျက်ရှိ နေသည်ကို မြင်တွေ့ရသည်။
ကားရောင်းချလိုသည့် ပိုင်ရှင် အများစုသည်   ကားဈေးကွက် လှုပ်ခတ်လာနိုးဖြင့် စောင့်ဆိုင်းနေ ကြသော်လည်း ကားဈေးကွက် မှာ       ဈေးနှုန်းများတန့်နေပြီး    အရောင်းအဝယ်လည်း          မရှိ သလောက်     နည်းပါးနေသည်။      သို့သော် အရောင်းအဝယ်အနည်းငယ်ရှိသည့်အတွင်း Honda Fit နှင့် Honda Inside ကဲ့သို့ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ကားများမှာတော့ ပုံမှန်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေကြသည်။

''ရာသီဥတုက ပူပြင်းလာတဲ့အတွက် ကားရွေးချယ်ရာမှာ အင်ဂျင်သိပ်မပူတဲ့ အင်ဂျင်ကောင်းတဲ့ကားတွေကို အဓိကထား ရွေးချယ်ကြပါတယ်။   အဲကွန်း   ကောင်းမကောင်း   သတိထား ဝယ်ယူနေကြပြီး    အများစုက     ဝယ်လက်စိတ်ကြိုက်ကားတွေ ရှာတွေ့ကြပါတယ်။ အဲဒါကလည်း ကားဈေးကွက်မှာ ရောင်းလို သူများပြီး ဝယ်လိုသူနည်းနေတာကြောင့်ဖြစ်တယ်''ဟု ကားဝယ် ရောင်း ကိုကျော်ဇေယျာဝင်းက ပြောသည်။

သင်္ကြန်ပိတ်ရက်များကြောင့်    ကားဈေးကွက်    အရောင်း အဝယ် အေးစက်နေသော်လည်း ကားဈေးကွက်သည် လူတိုင်း နီးပါးစိတ်ပါဝင်စားသည့်      ဈေးကွက်တစ်ခုဖြစ်ခြင်းကြောင့် စောင့်ကြည့်နေကြသူလည်း     များပြားနေကြောင်း    သိရသည်။ ''ကားမူဝါဒတွေကို     စောင့်ကြည့်ကြတာများတယ်၊   ဒါကြောင့် တင်သွင်းခွင့်ရလည်း     ဘယ်မောင်းတင်သွင်းမှုကို     စောင့်ကြည့် နေကြတာ ဖြစ်ပါတယ်၊ အခွန်ဥပဒေကလည်း ကားဈေးကွက်ကို တော်တော်လေး  ငြိမ်သက်သွားစေတယ်၊ ကျွန်တော်တို့ထပ်ပြီး စောင့်ကြည့်ရမှာက    ဒီနှစ်ဘတ်ဂျက်ကုန်ခါနီးမှာ    ထွက်ပေါ် လာမယ့် ရန်ကုန်လိုင်စင်အတွက် YVQC စနစ်ဖြစ်ပါတယ်၊ ဒီစနစ်ကို   ကားဝယ်ယူလိုတဲ့သူတွေ   အဓိကမျှော်လင့်နေကြ တာပါ''ဟု ကားဝယ်ရောင်းတစ်ဦးကလည်း ပြောသည်။

စလစ်ဈေးနှုန်းများတွင်လည်း     စလစ်အပ်ကားများ    မရှိ သလောက်နည်းပါးလာနေပြီး      အရောင်းအဝယ်လည်း    မရှိ ကြောင်း၊    စလစ်ဈေးနှုန်းမှာလည်း    ထွက်ပေါ်ခြင်းမရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ် အနည်းငယ်သာရှိခြင်းကြောင့် ငွေကျပ် သိန်း ၁ဝဝ ကျော်သာ ဈေးပေါက်တော့ကြောင်း သိရှိရသည်။ကားဈေးကွက်အတွင်း ကြိုတင်ဝင်ငွေခွန်သက်သာရာရသွားသည့် အင်ဂျင်ပါဝါ ၁၅ဝဝ နှင့် ၂ဝဝဝ စီစီကြား ဘယ်မောင်းများ တင်သွင်းနိုင်သော်လည်း လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ တွင် ၂ဝ၁၈ ခုနှစ် ဘယ်မောင်းတင်သွင်းမှု အားကောင်းခြင်း မရှိသေးဘဲ အမှန်တကယ်တွင်လည်း တင်သွင်းရန်မှာ မည်သို့မျှ မစဉ်းစားနိုင်သေးဘဲ ကားတန်ဖိုးအလိုက် ပြည်တွင်းဝယ်လိုအား ဈေးကွက်လည်း     မရှိနိုင်သေးဟု    ကားဝယ်ရောင်းများက         ခန့်မှန်း သည်။

လာမည့်ဘဏ္ဍာနှစ်   ၂ဝ၁၈-၁၉   တွင်လည်း   စည်းကြပ်မှု ကင်းလွတ်သည့်အပေါ် ဝင်ငွေခွန်ကောက်ခံရာတွင်  ကျပ်သိန်း  ၃ဝဝ  အောက်  ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ နှင့်အထက်မှ ကျပ်သိန်း ၁ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝဝဝ အထက်မှာ  ၃ဝ  ရာခိုင်နှုန်းဖြစ်ပြီး    အထူး ကုန်စည်ခွန်မှာမူ အင်ဂျင်ပါဝါ   ၁၅ဝဝ   မှ   ၂ဝဝဝ   စီစီအတွင်းကို   ၁ဝ   ရာခိုင်နှုန်း၊ ၂ဝဝဝ  စီစီ အထက်မှ ၄ဝဝဝ စီစီအထိ ကို ၃ဝ ရာခိုင်နှုန်းနှင့် ယင်းအထက်ကို ၅ဝ ရာခိုင်နှုန်းကောက်ခံရန် ပြည်ထောင်စု လွှတ်တော်က     အတည်ပြုခဲ့ပြီဖြစ်ခြင်းကြောင့်      စီးပွားရေး လောကသားအချို့ မှန်းထားသမျှ အဆင်မပြေကြတော့ကြောင်း သိရသည်။          

မင်းသော်(မြန်​မာ့အလင်း)

No comments:

Post a Comment