Latest News

Thursday, April 19, 2018

အကိုက်ခံရမှ မဟုတ်ပါ.. လူအသားနဲ့ ထိရင်လည်း လူသေနိုင်တဲ့ ဖားပြုတ်ကိုယ်ပေါ်ကထွက်တဲ့ ဖားပြုပ်အဆိပ်


19.4.2018
Toad Venom ဖားပြုပ်အဆိပ်

ဆရာ အခုရက်ပိုင်း မြန်မာနိုင်ငံ ဧရာဝတီတိုင်းမှာ ဖြစ်ပွားသွားတဲ့ ဖားပြုတ်ကိုက်ခံရလို့ မိန်းမတဦးဆုံးပါသွားကြောင်း သတင်းတွေ တွေ့နေရပါတယ်။ သူ့ခင်ပွန်းကိုယ်တိုင်လဲ media ရဲ့အမေးကိုဖြေကြားထားပါတယ်။ အဲဒါ ဖားပြုတ်ကိုက်ခံရလို့ သေနိုင်လားဆရာ သိချင်လို့ပါ။

အဲလိုမေးတာမျိုးကို ဖြေလေ့မရှိပါ။ ခိုင်မာတိကျတဲ့ အချက်အလက် လိုတယ်။ အသက်-ကျား-မ-အချက်အလက်-ဆေးစစ်ချက် စသည်။

ဖားပြုပ်ကနေ အဆိပ်ထုတ်ပေးတယ်။ လူ၊ ခွေး၊ ကြောင်တွေကို အဆိပ်သင့်စေနိုင်တယ်။ အကောင်သေးရင် ပိုဆိုးတယ်။ ဖားပြုပ်အဆိပ်ဝင်ရင် Skin irritation ထိခံရတဲ့အရေပြား ယားပြီးနေမထိထိုင်မသာဖြစ်တယ်။ Seizures တက်မယ်။ Coma သတိလစ်မယ်။ Death သေဆုံးနိုင်တယ်။

ဖားပြုပ်အမျိုးမစားမတူရင် အဆိပ်လည်းမတူကြပါ။ တချို့ကသာ ဆိုးတယ်။ သူတို့ဟာ မြွေပွေးတွေလိုပဲ ခုခံမှုအတွက်သာ အဆိပ်ကိုအသုံးချတယ်။ ဖားပြုပ်ရဲ့ ကျောကုံးဘက်ပိုင်း မျက်စိနောက်နားမှာ အဆိပ်ထုတ်ပေးတဲ့ ဂလင်း ခေါ် အိတ်ကလေးတွေကနေထုတ်ပေးတယ်။ အရေပြားအနှံ့မှာလည်း ဂလင်းအသေးစားလေးတွေ ရှိတယ်။

ဖားပြုပ်အဆိပ်ဟာ Foul tasting အနံ့ အရသာဆိုးတယ်။ အဆိပ်က အဖြူရောင် နို့နှစ်လို ပျစ်တယ်။ ဂလင်းဘေးက ကြွက်သားလေးတွေကို ညှစ်တာနဲ့ အဆိပ်ထုတ်ပေးနိုင်တယ်။ ဆေးဝါးဗေဒလို ပြောရရင် Digitalis-like အစွမ်းရှိတယ်။ Bufotoxins ခေါ်တယ်။ အဆိပ်သင့်ခံရသူရဲ့ အာရုံကြောလေးတွေမှာ ဆိုဒီယမ် ချင်နယ်ကို ဘလော့လုပ်စေတယ်။ ထုံဆေးလိုသဘောဖြစ်စေတယ်။ Catecholamines ဓါတ်နဲ့ Serotonin ဓါတ်လို ဖြစ်စေတယ်။

အဆိပ်အနည်းအများအရ ခံစားရတာတွေဖြစ်တယ်။ တံတွေးများမယ်။ အမြှုပ်လိုဖြစ်မယ်။ ခေါင်းတုန်မယ်။ နေမထိထိုင်မသာ ဖြစ်မယ်။ တက်မယ်။ သေဆုံးနိုင်တယ်။

အဆိပ်ဖြေဆေး မရှိသေးပါ။ ဆောရီး။ ရေများများနဲ့ဆေးပါ။ Atropine
ထိုးဆေးသုံးနိုင်တယ်။ နှလုံးအခြေအနေတော့ စောင့်ကြည့်နေရမယ်။
နှေးရင် atropine or dopamine ဆေးနဲ့၊ မြန်ရင် lidocaine, phenytoin, propranolol, procainamide hydrochloride ဆေးတွေပေးရမယ်။ Digoxin ဆေးလည်းလိုနိုင်တယ်။ ဦးနှောက်နဲ့အာရုံကြောမှာ ဖြစ်တာတွေအတွက် benzodiazepines, barbiturates ဆေးတွေပေးရမယ်။ cyanosis and dyspnea ပြာနေရင် အောက်စီဂျင်လိုတယ်။

တချို့က ကြွက်နို့ဖြစ်စေတယ်လို့ထင်တာ မမှန်ပါ။ ဖားပြုပ်ဆီးထဲမှာ အဆိပ်မပါ။ ဖားပြုပ်အဆိပ်ကို ကင်ဆာ ကုသရာမှာသုံးလို့ ရ မရ သုတေသန
လုပ်နေတယ်။

ဒေါက်တာတင့်ဆွေ

၁၈-၄-၂ဝ၁၈
ဆက်စပ်သတင်း

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post