Latest News

Thursday, April 19, 2018

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘိုးဘွားသက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘိုးဘွားသက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပ

ရန်ကုန် ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီးမှ ကြီးမှူးကျင်းပ သော ဘိုးဘွားသက်ကြီးပူဇော်ကန်တော့ ပွဲအခမ်းအနားကို မြန်မာနှစ်ဆန်း တစ်ရက်နေ့ဖြစ်သော ဧပြီ ၁၇ ရက်တွင် ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွား ရိပ်သာကြီး သီရိရတနာခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က သက်ကြီးဘိုးဘွားများအား ဂါရဝစကား ပြောကြားပြီး နှင်းဆီကုန်းဘိုးဘွားရိပ် သာကြီးအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ (အငြိမ်း စား) ဒုတိယဗိုလ်မှူးကြီး ကျော်ရှိန်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ဘိုးဘွားရိပ်သာကြီး၏ အမှုဆောင်အဖွဲ့မှ တွဲဖက်အတွင်းရေး မှူး ဒေါက်တာ ဒေါ်ခင်တင့်က သက်ကြီး ဘိုးဘွားများနှင့် မိတ်ဆက်ပေးပြီး သက်ကြီးဘိုးဘွားများအား ကန်တော့ချိုး ဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်ကဘိုးဘွားများအား ဂါရဝပြုအလှူ ငွေများပေးအပ်လှူဒါန်းခဲ့ရာ ဘိုးဘွားများ ကိုယ်စားဘိုးကျော်သောင်း (၉၉)နှစ်က ဆုတောင်းမေတ္တာပို့သခဲ့သည်။ ရန်ကုန် တိုင်းဒေသကြီးမှ သက်ကြီးဘိုးဘွား များအား တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် ငွေကျပ် ၁၇ သိန်း တစ်သောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီး၌ လက်ရှိအချိန်တွင် အဘိုး ၄၂ ဦး၊ အဘွား ၇၁ ဦး၊ ရိပ်သာကြီးအတွင်းရှိ ဆေးရုံ၌ အဘိုး ၁၃ ဦး၊ အဘွား ၄၅ ဦး စုစုပေါင်း အဘိုးအဘွား ၁၇၁ ဦးတို့ကို စောင့် ရှောက်ပေးလျက်ရှိပြီး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့မှာ အသက် (၁ဝ၃)နှစ်ရှိပြီဖြစ်ကြောင်း သိရ သည်။

''ဆေးရုံမှာတော့ အမြဲတမ်း ဆရာ ဝန်တွေရှိပါတယ်၊ ဆရာဝန်ကြီးတွေက လည်း အလှည့်ကျလာကြည့်ပေးပါတယ်၊ လိုအပ်ရင် သက်ဆိုင်ရာဆေးရုံကို လွှဲ ပြောင်းကုသပေးပါတယ်''ဟု သက်ကြီး ဘိုးဘွားများအား ဆေးကုသမှုနှင့် ပတ်သက်၍ ရိပ်သာဒုတိယအုပ်ချုပ် ရေးမှူး ဦးကျော်ဝင်းက ပြောကြား သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)

No comments:

Post a Comment