ကိုင်ဆောင်သူများဖမ်းဆီးရမိ
တိုက်ကြီး ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့မရဲစခန်း၊ဥက္ကံရဲစခန်းတို့တွင် ဖွင့်လှစ်ထားသော (ပ)၆/၂၀၁၇ ၊(ပ)၁၄၇/၂၀၁၇
(ပ)၄၀/၂၀၁၈၊(ပ)၂၉၉/၂၀၁၈ အမှုများ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များကာကွယ်ရေးနှင့်သဘာဝနယ်
မြေထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)အမှုများမှ တောဆင်သတ်ဖြတ်သည့် တရားခံများအား စုံစမ်းဖော်ထုတ် ဖမ်း
ဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သက်ထွန်းဦစီးရဲတပ်ဖွဲ့ဝင်များ၊အမှတ်(၁)
တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်ကြီးနေလင်းစိုးဦးစီးတပ်မတော်သားများ ပါဝင်သောအဖွဲ့သည်
ဧပြီလ၁၈ ရက်နေ့ နံနက် ၀၆ နရီအချိန်၌ ဥက္ကံကြိုးဝိုင်း အကွက်အမှတ် (၈၁)သို့ရောက်ရှိခဲ့ပြီး အဖွဲ့ငယ်များဖွဲ့စည်း၍ တဲများရှာဖွေရာ မောင်ယော(ခ)မောင်းယော ၄၉ နှစ်း ဝါးဒါးခေါင်းလုပ်ငန်း ကျွန်းတောကုန်းရွာဥက္ကံမြို့နေသူနှင့် ၂ မိုင်ခန့်အကွာရှာဖွေရာ မဲကြီးတောတွင် Chain Saw (၃)လုံးဖြင့်ခုတ်လှဲထားသော အခြားသစ် ၂.၁၇၅ တန်ကို မအေးအေးမော်ပါ(၆)ဦးအား သစ်တောဦးစီးမှအရေးယူခဲ့ပါသည်။
ထပ်မံစစ်ဆေးချက်အရ မောင်ယော(ခ)မောင်းယောမှ ဇင်မျိုး(ခ)ဇင်မျိုးနိုင်ထံတွင် သိမ်းဆည်းခိုင်းထားသော " သစ်သားဒင်နှင့်ကိုယ်ထည်ပိုင်း ၃၄ လက်မ၊ အချင်း ၀.၅လက်မနှင့်သံထည်ပြောင်းရှည် ၄၄ လက်မခန့်ရှိ တူးမီးသေနတ် ၁ လက် "၊ ဇင်မျိုး(ခ)ဇင်မျိုးနိုင် ကိုင်ဆောင်သည့်" သစ်သားဒင်နှင့် ကိုယ်ထည်ပိုင်း ၄၀ လက်မ၊အချင်းဝ.၅လက်မနှင့် သံထည်ပြောင်းရှည် ၄၀ လက်မခန့်ရှိ တူးမီးသေနတ် ၁ လက် " ၊တူမီးသေနတ်ပစ်ခတ်ရာတွင် အသုံးပြုသော ယမ်းခွေ (၁၅)၊ပလပ်စတစ်ဘူးဖြင့်ထည့်ထာသောယမ်းမှန့်များ ဥက္ကံကြိုးဝိုင်း မဲကြီးတောရှိခြုံအတွင်းမှတွေ့ရှိသိမ်းခဲ့ပြီး ဥက္ကံရဲစခန်းမှဥပဒေအတိုင်းအရေးယူခဲ့သည်။
သို့ဖြစ်၍ တူးမီးသေနတ် ၂ လက်များ လက်ဝယ်ထားရှိသူ မောင်ယော(ခ)မောင်းယော၊ဇင်မျိုး(ခ)ဇင်မျိုးနိုင်တို့
နှစ်ဦးဖြင့်အတူနေထိုင်သူ ကျော်နိုင်(ခ)မုတ်ဆိတ် ၄၇ နှစ်သြဲပားရွာ၊ဥတိုအုပ်စု တိုက်ကြီးမြို့နယ်နေထိုင်သူတို့အားတောဆင်သတ်ဖြတ်မှုဆက်စပ်မှု ရှိ/မရှိ ဆက်လက်စစ်ဆေးနိုင်ရန် ဥက္ကံရဲစခန်းမှစီစဉ်ဆောင်ရွက်လျှက်ဖြစ်ကြောင်းသိရသည်။
မောင်ယော(ခ)မောင်းယောသည် ၁၉၈၆ခုနှစ်တွင် တပ်မတော်သို့ဝင်ရောက်ပြီး၊ အမှတ်(၂၂၀) ခြေမြန်တပ်ရင်း
ရဲမွန်တပ်မြို့ လှည်းကူးမြို့နယ်တွင်တာဝန်ခဲ့ပြီး ၁၉၉၀ခုနှစ်တွင် ထောက်လှမ်းရေးသင်တန်းအား (၃)လတက်ရမည်ဟုပြောဆိုကာ တပ်ကြပ်အဆင့်ဖြင့် တပ်ပြေး ပြုလုပ်ခဲ့ကြောင်း၊ထိုနောက် ဂုံညင်းတန်းကျေးရွာ ဥက္ကံမြို့တွင်နေထိုင်လျှက်ရှိကြောင်းသတင်းရှိသည်။
ထွန်းလှိုင်(မြိုင်)
No comments:
Post a Comment