Latest News

Friday, April 20, 2018

ရိုက်တာ သတင်းထောက် နှစ်ဦး နှင့် ပြည်ထဲရေး အရှုပ်တော်ပုံ


ဖခင် ဖြစ်သူ၏ ပွေ့ချီခြင်း ခံနေရသော ကလေးငယ် လေးကတော့ သူမ မွေးဖွားကြီးပြင်းလာရာ နိုင်ငံကြိးတွင် နိုင်ငံသားများ အပေါ် တရားဥပဒေ နှင့် အညီ ကာကွယ် စောင့်ရှောက်ပါမည်ဟု သစ္စာ ဆိုထားသော ပြည့်သူ ရဲတပ်ဖွဲ့ကြီးက သူမ၏ ဖခင်အား အဘယ်ကြောင့ိ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပြီး ၁၄ နှစ်တိတိ သူမနှင့် ခွဲပြီး ထောင် သွင်း အကျဉ်းချရန် ကြံစည်ခဲ့ကြသည် ဆိုသည်ကို တော့ နားလည် နိုင်အုန်းမည် မဟုတ်ပေ။

သို့သော် မနေ့က တရားခွင် တွင် တရားလိုပြ သက်သေ ဖြစ်သော ဒုရဲမှုး ဦးမိုးရန် နိုင်ကတော့ အကြောင်းရင်းကို သိရှိနေပြီး ဖြစ်ပါတယ်။ ရဲချုပ် တင်ကိုကို သည် ရဲတပ်ဖွဲ့ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကို ဖေါက်ဖျက်ကာ ပြည်ထောင်စု အစိုးရကို ဂုဏ်သိက္ခာ ကျစေပြီး နိုင်ငံတကာ မှ အထင်မှား အောင် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ရဲဝန့်စွာ ထွက်ဆိုသွားခဲ့ပါတယ်။

ထို့အတွက်လည်း အမှုသွား အမှုလာသည် လုံးဝ ပြောင်းလဲသွားခဲ့ရပါတယ်။

ရဲအရာ ရှိ ဦးမိုးရန်နိုင်သည် ရိုက်တာ သတင်းထောက် နှစ်ဦး စုံစမ်းနေသော အင်ဒင်းရွာ လူသတ်မှု ကြီး တွင် ပါဝင်နေသည်ဟု စွပ်စွဲခံထားရသော အမှတ် (၈) လုံခြုံရေး ရဲတပ်ရင်းတွင် အမှုထမ်းနေသော အရာရှိ တဦးလည်း ဖြစ်ပါတယ်။

သို့သော် သူ နှင့် တဦး အခြား ရဲအရာရှိတဦး အပါအ၀င် ရဲ အမှုထမ်း ၈ ဦးအား ရိုက်တာ သတင်းထောက် ကို ကျော်စိုးဦး နှင့် ကိုဝလုံး တို့က တွေ့ဆုံ မေးမြန်းခဲ့ကြပြီး ဖြစ်ပါတယ်။ ထို့အတွက် ၎င်းတို့ နှစ်ဦး အဖမ်းခံရသည့် ညတွင် တွေ့ဆုံ မေ့းမြန်းခံခဲ့ရသူ အားလုံးအား ရဲလုပ်ထုံးလုပ်နည်း ဥပဒေ နဲ့ အရေးယူခြင်း ခံခဲ့ရပါတယ်။

ထို့အတွက် ရိုက်တာ သတင်းထောက် နှစ်ဦးမှ အဆိုပါ အမှုကို စုံစမ်းနေတယ်ဆိုတာ သိရှိသွားတဲ့ ထိုအချိန်က မောင်းတော တွင် နယ်ခြားလုံခြုံရေ တပ်ရင်းမှုး ဖြစ်တဲ့ ရဲမှုးချုပ် တင်ကိုကို က လက်ဦးမှု ရယူခဲ့တာ အမှုဆင်လိုက်တယ်လို့ ယူဆစရာ ဖြစ်လာခဲ့ရပါတယ်။

၎င်းတို့ ကိစ္စကို ဌာနတွင်း စုံစမ်း စစ်ဆေးရေး လုပ်နေတဲ့ ရဲမှုးချုပ် တင်ကိုကို က ရဲတပ်ကြပ် နိုင်လင်းအား အဆိုပါ သတင်းထောက် နှစ်ဦးကို လျို့ဝှက် စာရွက်စာတမ်းများ ပေးမည်ဟု မျှားခေါ်ပြီး ထောင်ဖမ်းရန် အမိန့်ပေးခဲ့ကြောင်း ဦးမိုးရန်နိုင်က ထွက်ဆို သွားခဲ့ပါတယ်။ ထို့အတွက်လည်း လာရောက်နားထောင်နေသူ အပေါင်း အုတ်အော်သောင်းနင်း ဖြစ်ကာ အမှန်တရားက မထင်မှတ်ပဲ ဗူးပေါ်သလို ပေါ်သွားခဲ့ရပြီ ဖြစ်ပါတယ်။

သူ့ရှေ့မှာကိုပဲ ရဲမှုးချုပ် တင်ကိုကိုက ဒေါသတကြီးနဲ့ ၀ လုံး တို့ကို ဖမ်း၊ ဖမ်းမမိရင် မင်းတို့ အားလုံးကို အချုပ်ထဲ ထဲ့မယ်လို့ ပြောတာကို ကြားကြောင်းလည်း ထွက်ဆိုသွားခဲ့ပါတယ်။

ထို့အတွက် တပ်ကြပ် ရန်နိုင်နှင့် တွေ့ဆုံ အပြီး စားသောက်ဆိုင်မှ ထွက်လာသော ကိုလှမိုး နှင့် ကို ၀ လုံး တို့ကို လျို့ဝှက် စာရွက်စာတမ်း များ လက်ဝယ် တွေ့ရှိမှု နှင့် ဖမ်းဆီးကာ အခုလို တရားရုံးမှာ စွဲချက် တင်သင့်မတင်သင့် အမှု ရင်ဆိုင်နေရပြီး နိုင်ငံတကာရဲ့ ၀ိုင်းဝန်းရှုတ်ချခြင်းကို တပ်မတော် လက်အောက်ခံ ပြည်ထဲရေး က ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရအား ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖယ်နေပြီလို အယုံအကြည်မဲ့ခြင်း ကို ကျောကော့အောင် ခံခဲ့ကြရတာ ဖြစ်ပါတယ်။

ရဲအဖွဲ့ရဲ့ ပြောခွင့်ရ မျိုးသူစိုးက ရဲမှုးချုပ် ကြီး တယောက် အနေဖြင့် ထိုကဲ့သို့ တာဝန်မဲ့စွာ ပြုလုပ်မည် မဟုတ်ဟု သာ ငြင်းဆိုသွားခဲ့ပါတယ်။ အဆိုပါ ထွက်ဆိုချက်သည် ၎င်း၏ ပုဂ္ဂိုလ်ရေး ခံစားချက်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အံသြဖို့ ကောင်းသည်က သတင်းထောက် နှစ်ဦးအား စာရွက်စာတမ်းများ လက်ဝယ် ပေးခဲ့သည့် ရဲ များကိုတော့ ယခုအချိန်ထိ သက်သေ ခေါ်ယူ စစ်ဆေးခြင်း မရှိသေးဖူး ဆိုတာပဲ ဖြစ်ပါတယ်။

အစိုးရ ရှေ့နေများက ၎င်းတို့ ရဲ့ အမှုသွား အမှုလား ပျက်စီးသွားရတော့မယ့် အရေးကို ကာကွယ်ရန် နောက်ဆုံး ကြိုးပမ်းတဲ့ အနေနဲ့ ဦးမိုးရန်နိုင်ကို hostile witness ရန်လိုသော သက်သေ အဖြစ် သတ်မှတ်ပေးရန် တရားရုံးကို တင်ပြခဲ့ကြပါတယ်။

ရန်လိုသော သက်သေ ဖြစ်သွားပါက ၎င်း၏ ထွက်ချက်များ အပေါ် တရားသူကြီးက လျော့ပေါ့ စဉ်းစားပေးရမှာ ဖြစ်ပါတယ်။

အစိုးရ ရှေ့နေ ဆိုသူများက လည်း တရားလိုပြ သက်သေ သည် ၎င်းတို့ လိုသလို ထွက်ဆိုခြင်း ရှိမရှိကို တောင် သိနိုင်စွမ်း မရှိသူများ အဖြစ်လည်း ပေါ်လွင်သွားခဲ့ရပြန်ပါတယ်။

အစိုးရ ပြောခွင့်ရ ဦးဇော်ဌေးကတော့ တရားခွင် မပြီးဆုံးသေးပဲ မိမိတို့ အနေဖြင့် လွတ်လပ်သော တရားစီရင်မှု ဖြစ်ပေါ်ရေး အာမခံထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မည်သို့ပင် ဖြစ်စေ အဆိုပါ အမှု အား နိုင်ငံတကာ မှ အထူး အာရုံ စိုက်ခြင်း ခံနေရတဲ့ အတွက် ဦးမိုးရန်နိုင်ရဲ့ ထွက်ချက်ကြောင့် ရဲ အဖွဲ့ကြီး ရဲ့ ဥပဒေ မဲ့ လုပ်ရပ်များ ကို ဗူးပေါ်သလို ပေါ် စေခဲ့ယုံမက ဂုဏ်သိက္ခာ လည်း ကျဆင်းသွားခဲ့ရပါတော့တယ်။

ရဲအက်ဥပဒေ ဖြင့် အရေးယူခံထားရတဲ့ ဒုရဲမှုး ဦးမိုးရန်နိုင်ကတော့ မိမိတို့ ရဲတပ်ဖွဲ့ဝင်တွေ အနေဖြင့် မည်သည့်အဆင့် တွင် ဖြစ်စေ သူ့ဂုဏ်သိက္ခာ သူ ရှိပါတယ်လို့ ထုတ်ဖေါ် ပြောကြားသွားခဲ့ပါတယ်။

ထို့အတွက် ယခုလောလောဆယ် အစားအသောက် နဲ့ ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန ညွှန်ချုပ် ဒေါက်တာ သန်းထွဋ်အား သိန်းတထောင့်ငါးရာ လာဒ်ယူမှုနဲ့ အမှုဖွင့်ထားတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် မှ ရန်ကုန်ရှိ အမှတ် (၂) လုံခြုံရေး တပ်ရင်းမှုး ရဲမှုးချုပ် တင်ကိုကို အပေါ် မည်သို့ ဆက်လက် စုံစမ်း အရေးယူသွားမယ် ဆိုတာကို စောင့်ကြည့်သင့်လှပါတယ်။
လှစိုးဝေ

No comments:

Post a Comment