Latest News

Friday, April 20, 2018

မင်းဘူးမြို့တွင် လေပြင်းတိုင်ခတ်မှုကြောင့် ရှေးဟောင်းဘုရားတစ်ဆူ ထီးတော်မြေခ

မင်းဘူးမြို့တွင် လေပြင်းတိုင်ခတ်မှုကြောင့် ရှေးဟောင်းဘုရားတစ်ဆူ ထီးတော်မြေခ


မင်းဘူး ဧပြီ ၁၉

မင်းဘူးမြို့တွင် ယနေ့ညနေ(၃)နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မင်းဘူးမြို့၊အမှတ်(၄) ရပ်ကွက်ရှိ ရှင်ဘုရင်ညီနောင်ဘုရား ထီးတော်မြေခ ခဲ့ကြောင်း သိရသည်။

 ''ယခင် မြေငလျင်ကြီးလှုပ်တုန်းကလည်းဘုရားက အက်သွားပြီး စိန်ဖူးတော်ပြုတ်ကျခဲ့တယ်၊ အခုလေပြင်း တိုက်တော့ထီးတော်က အရှေ့ဘက်အရပ်ကို ပြိုကျခဲ့ပါတယ်''ဟု မရှိခဏကျောင်းတိုက်ဆရာတော် ဦးပညာဇောတ ထံမှ သိရသည်။

 အဆိုပါထီးတော်ပြိုကျရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရ သည်။

မျိုးမြတ်(မင်းဘူး)

No comments:

Post a Comment