ငွေဆောင်ဟိုတယ်ဇုန်က သိမ်းဆည်းခံမြေများအတွက် လျော်ကြေး ပေးဖို့ ဟိုတယ်လုပ်ငန်းရှင်များ တိုင်းအစိုးရထံအကြောင်းကြား
ဧပြီလ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေရှိ ဟိုတယ်ဇုန်အတွင်းရှိသော သိမ်းဆည်းခံမြေများအတွက် လျော် ကြေးပေးရန်အတွက် သိမ်းဆည်းခံတောင်သူများနှင့် ဈေးညှိနှိုင်း ပေးဖို့ ဟိုတယ်လုပ်ကန်းရှင်များက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အကြောင်းကြားဆက်သွယ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ငွေဆောင်ဟိုတယ်ဇုန်ရှိ မြေများကို လျော်ကြေးမပေးဘဲ အမိန့်အာဏာနဲ့ သိမ်းယူခဲ့တာကြောင့် ဥပဒေအရ အဆောက်အဦ သစ်တွေ ဆောက်လုပ်ခွင့်အား တားမြစ်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့မှုများပြုလုပ်ခဲ့တာကြောင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရက အဆောက်အဦအသစ် ဆောက်လုပ်ခွင့် တားမြစ်ချက်ချ မှတ်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆောက်အဦအသစ်တွေ မဆောက်လုပ်ဖို့ တားမြစ်ချက် ချမှတ်ထားတာကြောင့် ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ လုပ်ငန်းတွေ ဆက်တိုးချဲ့ဖို့ အခက်အခဲရှိလာတာကြောင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို သင့်တော်တဲ့ ဈေးနှုန်းဖြစ်ပါက ပြန်လည်လျော်ကြေးပေးဖို့ စတင်အကြောင်းကြားခဲ့တာလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
“ဒေသခံပြည်သူတွေကလည်း ဟိုတယ်ပိုင်ရှင်တွေနဲ့ မြေယာလျော်ရေးရဖို့ ညှိနှိုင်းလို့မရရင် အချိန်ကြာရင် ကြာသလောက် အကျိုးထိခိုက်မှုရှိပါတယ်။ အဲ့ဒီအပြင် ဧရာဝတီတိုင်းဒေသကြီးမှာလည်း ရင်နှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ မဆောင်ရွက်နိုင်တဲ့အတွက် နစ်နာမှုတွေရှိပါတယ်။”
ငွေဆောင်မြို့မှ မြေသိမ်းဆည်းခံ တောင်သူတွေကတော့ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေရှေ့မှာ သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းပြီး ဈေးနှုန်းသတ်မှတ်ပေးဖို့က ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို စာပို့ထားပြီး အကြောင်းတစုံတရာပြန်ကြားခြင်းမရှိသေးကြောင် ငွေဆောင်မြို့ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
ငွေဆောင်ဒေသခံ တောင်သူ ၂၄၈ ဦးပိုင်ဆိုင်တဲ့ မြေဧက ၃၅၀ ကျော်ကို ငွေဆောင်ကမ်းခြေဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်နဲ့ ၂၀၀၀ ပြည့်နှစ်မှာ စတင်သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေတွင် ဟိုတယ်ဇုန်တည်ဆောက်ရန်သိမ်းဆည်းခံခဲ့ရသည့် မြေများအား ပြန်လည်ရရှိရေး၊ သိမ်းဆည်းခံမြေများတွင် အဆောက်အဦ အသစ်များ ဆောက်လုပ်ရန်တားမြစ်ပေးရေးတို့ကို မြေယာသိမ်းဆည်းခံပြည်သူများနှင့် ဒေသခံများမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ - တန်ခူး (တိုင်းဧရာ)
Saturday, April 7, 2018
ငွေဆောင်ဟိုတယ်ဇုန်က သိမ်းဆည်းခံမြေများအတွက် လျော်ကြေး ပေးဖို့ ဟိုတယ်လုပ်ငန်းရှင်များ တိုင်းအစိုးရထံအကြောင်းကြား
ငွေဆောင်ဟိုတယ်ဇုန်က သိမ်းဆည်းခံမြေများအတွက် လျော်ကြေး ပေးဖို့ ဟိုတယ်လုပ်ငန်းရှင်များ တိုင်းအစိုးရထံအကြောင်းကြား
Reviewed by Ar Ti
on
1:55 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment