Latest News

Saturday, April 7, 2018

ဖျာပုံမြို့နယ်တွင် ဓာတ်ကြိုးပြတ်ကျသဖြင့် သားအမိ ၂ ဦး ဓာတ်လိုက်သေဆုံး

ဖျာပုံမြို့နယ်တွင်  ဓာတ်ကြိုးပြတ်ကျသဖြင့် သားအမိ ၂ ဦး ဓာတ်လိုက်သေဆုံး

ဖျာပုံ၊ ဧပြီ ၇ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ သမိန်ထောသိမ်ကုန်းကျေး ရွာတွင် ဗို့အား ၁၂၀၀၀၀ ရှိသည့် ဖျာပုံ - ကျုံကဒွန်း ဓာတ်အား လိုင်းမှ ဓာတ်ကြိုးပြတ်ကျသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ သမိန်ထောသိမ်ကုန်းကျေးရွာမှ သားအမိ ၂ ဦး ၂၀၁၈ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဓာတ်လိုက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ-ဧပြီလ ၆ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန်တွင်
ဖျာပုံမြို့နယ် သမိန်ထောသိမ်ကုန်းကျေးရွာနေ
ဒေါ်××××× (၄၀)နှစ်၏ ခြံဝင်းပေါ်မှ ဖြတ်သန်း၍ သွယ်တန်းထားသော ဗို့အား ၁၂၀၀၀ ရှိ ဖျာပုံ-ကျုံကဒွန်း ဓာတ်အားလိုင်း ဓာတ်ကြိုး ၃ ချောင်းအနက် တစ်ချောင်းမှာ ထန်းပင်နှင့် ထိပြီးရှော့ဖြစ်ကာ မီးပွားများထွက်နေသဖြင့် ဒေါ်×××××မှ ၎င်း၏နေအိမ်ရှေ့သို့ ထွက်ကြည့်စဉ် ဓာတ်ကြိုး ပြတ်ကျပြီး ၎င်း၏ခြေထောက်အား ရိုက်မိခဲ့၍ မှောက်လျက်အနေ အထားဖြင့်လဲကျကာ ဓာတ်ကြိုး ပေါ်သို့ဖိမိသဖြင့် ဓါတ်လိုက်၍ ခြေထောက်တွင် မီးလောင်ခဲ့ကြောင်း သိရသည်။

မိခင်ဖြစ်သူမှာ ဓာတ်လိုက်၍ မီးလောင်နေသည့်အတွက် သားဖြစ်သူ ××××× (၁၂)နှစ်မှ ပြေးဆွဲခဲ့ရာ ၂ ဦးလုံး ဓာတ်လိုက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးခဲ့သည့် သားအမိ(၂) ဦး၏ ရုပ်အလောင်း များအား ဖျာပုံမြို့ကနိတိုက်နယ်ဆေးရုံသို့ သက်ဆိုင်ရာ
တာဝန်ရှိသူများကတင်ပို့ခဲ့ပြီး ကျုံကဒွန်းနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

သတင်း၊ဓာတ်​ပုံ - တန်ခူး (တိုင်းဧရာ)

No comments:

Post a Comment