Latest News

Saturday, April 21, 2018

မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ ထွက်ခွာလာသည့်မြန်မာအလုပ်သမားများပါဝင်သော ခရီးသည်ယာဉ်တိမ်းမှောက် နှစ်ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရ

မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ ထွက်ခွာလာသည့်မြန်မာအလုပ်သမားများပါဝင်သော ခရီးသည်ယာဉ်တိမ်းမှောက်
နှစ်ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရ


နကော်စဝမ်    ဧပြီ    ၂ဝ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ မြို့တော်ဘန်ကောက်သို့ မောင်းနှင်လာ သည့် မြန်မာအလုပ်သမားများပါဝင်သော ခရီးသည်တင်ယာဉ်မှာ ယနေ့နံနက် အစောပိုင်းက လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့ကြောင်း မြို့တော်ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ဝဝ နာရီ ၅ မိနစ်ခန့်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ မြို့တော်ဘန်ကောက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်အမှတ်-----(ဘန်ကောက်) ယာဉ်တစ်စီးမှာ နကော်စဝမ် ပြည်နယ်ရှိ ဗဟိုရိုသင် အဝေးပြေးလမ်းမကြီးပေါ်၌ မတော်တဆ လမ်းဘေးထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာသော အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကာ ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၃၇ ဦးအနက် ငါးဦးမှာ ဒဏ်ရာရ(စိုးရိမ်ရ)ဖြစ်ခဲ့သော ကြောင့် အတွင်းလူနာအဖြစ် စဝမ်ပရချာရဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရပြီး  အခင်းဖြစ်နေရာ၌ သေဆုံးသွားသူနှစ်ဦးမှာ မြန်မာအလုပ်သမား မနီနီအောင် ၃၂ နှစ်နှင့် ထိုင်းနိုင်ငံသူ ပင်လမာ ကွိုင်နတလှိုင် ၂၄ နှစ် ဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့၏ ထုတ်ပြန်ထားချက်အား အလုပ်သမား သံအရာရှိရုံးမှ ဦးစန်းမောင်ဦး၏ပြောချက်အရ သိရသည်။

ထိုင်းနိုင်ငံသား ယာဉ်မောင်းမစ္စတာSuriyamon  Samantha က ယာဉ်ရှေ့၌ ဆိုင်ကယ်တစ်စီးဖြတ်မောင်းလာမှုကို မတိုက်မိအောင်တိမ်းရှောင်ရင်း ယခုကဲ့သို့ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း စစ်ဆေးမှုခံယူခဲ့ သော်လည်း ထိုင်းရဲတပ်ဖွဲ့က အဆိုပါယာဉ်မှာ အရှိန်ပြင်းစွာမောင်းနှင်လာမှု ရှိ၊ မရှိနှင့် ယာဉ်မောင်းသူမှာ မူးယစ်ဆေးဝါးနှင့် အရက်သေစာသုံးစွဲထားမှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဒဏ်ရာရ  ၃၇ ဦး၏ အမည်စာရင်းအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပြီး ယခုအခါ အမိနေရပ်ပြန်မြန်မာအလုပ်သမားများမှာ သင်္ကြန်အပြီးကာလ ဖြစ်သည့်အတွက် မြို့တော်ဘန်ကောက်သို့ ပြန်လာသူများပြားနေကြောင်းနှင့် အခင်းဖြစ်စဉ်အတွက် မြို့တော်ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိရုံးမှကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်သစ္စာ

No comments:

Post a Comment