Latest News

Tuesday, April 10, 2018

မင်းစုံတောင် ဘေးမဲ့တောမှ ကြယ်လိပ်များကို လာရောက်လေ့လာမှုများလာ

မင်းစုံတောင် ဘေးမဲ့တောမှ ကြယ်လိပ်များကို လာရောက်လေ့လာမှုများလာ

နွားထိုးကြီး  ဧပြီ  ၁ဝ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် မင်းစုံတောင် ဘေးမဲ့တောရှိ    ကြယ်လိပ်များကို ပြည်တွင်းရော ပြည်ပမှပါ လေ့လာခွင့်ပြုလိုက်၍ ကြယ်လိပ်ခြံတွင် နိုင်ငံခြားသား အဝင်၊ အထွက် ၂ဝ၁၇ ခုနှစ်ထက် ပိုမိုများပြားလာကြောင်း မင်းစုံတောင် ဘေးမဲ့တော ကြယ်လိပ်ခြံမှ သိရသည်။

ကြယ်လိပ်ခြံကို ၁၉၉၉ ခုနှစ်က အထီး၊ အမ ၁၂ ကောင်နှင့်စ၍ မွေးမြူခဲ့ရာ ၂ဝ၁၇ ခုနှစ်တွင် ကြယ်လိပ်  ၃၅ဝဝ ထိ တိုးတက်မွေးမြူနိုင်ကြောင်း သိရသည်။

၁၉၆ဝ ပြည့်နှစ်က မင်းစုံတောင် ကာကွယ်တောစတင်ခဲ့ကာ ၂ဝဝ၁ ခုနှစ်တွင် ဘေးမဲ့ တောအဖြစ် သတ်မှတ်ခဲ့ပြီး  ၅၅၇၅ ဧက ကျယ်ဝန်းသည်။ ယခုအခါ ကြယ်လိပ် ၁ဝဝဝ ကျော်ကို ၂ဝ၁၃ ခုနှစ်မှစ၍ ၂ဝ၁၅၊ ၂ဝ၁၇ ၊၂ဝ၁၈ တို့တွင် သဘာဝအတိုင်း မွေးမြူကျက်စားရန် စက်တပ်ဆင် လွှတ်မွေးမြူခဲ့ရာ အောင်မြင်နေကြောင်း သိရသည်။
က္ဘာပေါ်၌ လိပ်မျိုးစိတ် ၄ဝဝ တွင်၂၅ မျိုးမှာ ရှားပါးရာ ကြယ်လိပ်မှာလည်း တစ်မျိုးအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လိပ် ၃၁ မျိုးရှိရာ ပင်လယ်လိပ် ငါးမျိုး၊  ရေချိုလိပ် ၂၂ မျိုးနှင့် ကုန်းလိပ် လေးမျိုးရှိနေသည်။

နွားထိုးကြီးမြို့နယ်  မင်းစုံတောင်ဘေးမဲ့တော ကြယ်လိပ်ခြံအပါအဝင်  မင်းဘူး ရွှေစက်တော်၊ ညောင်ဦး မဟာနန္ဒာ၊ ပြင်ဦးလွင်၊ ကျွဲနဖားတောင်တို့၌ က္ဘာ့ရှားပါး ကြယ်လိပ်များကို မွေးမြူတွေ့ရှိနိုင်သည်။

ဌေးမြင့်မောင်(မြန်​မာ့အလင်း)

No comments:

Post a Comment