ညောင်တုန်း ဧပြီ ၁ဝ
ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံတွင် တည်ရှိသော ညောင်တုန်း မြို့မှ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေး လျက်ရှိသော ညောင်တုန်းရေကာတာ မကျိုးပေါက်စေရေးနှင့် မြစ်ကမ်းပါးပြိုကျမှု ကာကွယ်ရေးတို့အတွက် နိုင်ငံတော်က ငွေ ကြေးမြောက်မြားစွာ အကုန်အကျခံ၍ ကာကွယ်ထိန်းသိမ်း တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများကို နှစ်စဉ် ဆောင်ရွက် လျက်ရှိရာ ယခုနှစ်တွင်လည်း လိုအပ်သောနေရာများတွင် မြစ် ကမ်းကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကို ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် အချိန်မီ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ယခုနှစ်တွင် ညောင်တုန်းမြို့ ၁၉ လမ်းနှင့် လမ်း ၂ဝ ရှိ မြစ်ကမ်းတွင် အလျား ပေ ၃၂ဝ ရှိ ဘိုးပိုင်အခြေပြု ကျောက်စီနံရံကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြု ရန်ပုံငွေများဖြင့် အချိန်မီ တည်ဆောက်လျက်ရှိရာ သံကူကွန် ကရစ်ဘိုးပိုင်များ တည်ဆောက်ပြီးစီးနေပြီး ကျောက်စီနံရံများ ကို ဆက်လက်တည်ဆောက်နေကြောင်းနှင့် မိုးမကျမီ၊ မြစ်ရေ မတက်မီ မကြာမီအချိန်အတွင်း ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဧရာဝတီမြစ်မှခွဲထွက်လာသော ပန်းလှိုင်မြစ်ထိပ် ၈ လမ်းမှ ၁၂ လမ်းအထိ ပန်းလှိုင်မြစ်လယ်တွင် သောင်ထွန်း နေမှုကြောင့် ညောင်တုန်းမြို့မှ ပြည်သူများက ညောင်တုန်း မြစ်ကမ်းအတွက် စိုးရိမ်ပူပန်မှုများရှိခဲ့ရာ ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ညောင်တုန်းမြစ်ကမ်း ကာကွယ်ထိန်းသိမ်းနိုင် ရေးအတွက်လည်း ၇ လမ်းနှင့် ၈ လမ်း သောင်စပ်တစ်လျှောက် တွင် ပေ ၂၈ဝဝ ရှည်လျားသော အုန်းတိုင်အခြေပြု အုန်းတိုင် စိုက် ရေကာတန်းကာ ကမ်းထိန်းရေကြောင်းလွှဲ လုပ်ငန်းများကို လည်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့်ပင် အချိန်မီ တည်ဆောက်လျက်ရှိကြောင်းလည်း သိရသည်။
၁၉၈၅ ခုနှစ်က ညောင်တုန်းမြို့တစ်ဖက်ကမ်း ရန်ကင်းစံရာ ကမ်းခြေတွင် သောင်ထွန်းနေပြီး ညောင်တုန်းမြို့ဘက်ကမ်း ကျွန်းထိပ်ပိုင်းတွင် ကမ်းပြိုမှုကြောင့် ထိုစဉ်က တာဝန်ရှိသူများ ၏ စီစဉ်ဆောင်ရွက်မှုအရ ၁၉၈၆-၁၉၈၇ ခုနှစ်တွင် မြစ်ဖြတ် ရေခေါ်တူးမြောင်း ဖောက်ခဲ့ရာမှ ညောင်တုန်းမြို့တည့်တည့်သို့ ရေကြောင်းထိုးမှုကြောင့် ၁၉၈၈ ခုနှစ်မှစတင်၍ မြစ်ကမ်းပါးပြိုမှု အ္တရာယ်ကို ညောင်တုန်းမြို့တွင် ဆိုးဆိုးရွားရွား ခံခဲ့ရသည်။
ရေကြောင်းထိုး၍ ကမ်းပြိုမှုကြောင့် ထိုစဉ်က ညောင်တုန်း မြို့ဘက်ကမ်း သောင်ခုံကျယ်ကြီးပေါ်တွင် အခိုင်အမာတည် ဆောက်ထားသော အဆောက်အအုံများနှင့် လွတ်လပ်ရေး ကျောက်တိုင်တို့ကို ဆုံးရှုံးခဲ့ရသည့်အပြင် လူနေအိမ်ခြေ ၈ဝဝ ကျော်ကိုလည်း ပြောင်းရွှေ့ပေးခဲ့ရသည်။ ထိုအချိန်မှစတင်၍ ညောင်တုန်းမြို့ ရေကာတာနှင့် မြစ်ကမ်းတစ်လျှောက်၌ ကမ်းပြို ကျမှုအ္တရာယ် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကို နှစ်စဉ် ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
နေလင်း(ညောင်တုန်း)
No comments:
Post a Comment