Latest News

Tuesday, April 10, 2018

လူမှုဘ၀နေထိုင်မှုအဆင့်အတန်းနှင့် စီးပွားရေးဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ၀ိုင်းဝန်းဖော်ဆောင်

လူမှုဘ၀နေထိုင်မှုအဆင့်အတန်းနှင့် စီးပွားရေးဆင့်အတန်း
တိုးတက်မြင့်မားလာစေရန် ၀ိုင်းဝန်းဖော်ဆောင်

အရှိန်အဟုန်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော ရန်ကုန်မြို့တွင် မိုးရာသီလမ်းပေါ် ရေဝပ်ရေလျှံမှုများမဖြစ်ပေါ်စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ပြုပြင်မှုများဆောင်ရွက်လျက်ရှိပြီး  ရန်ကုန်မြို့ပြ၏    မြို့နယ်တို့တွင်လည်း    ရေဝပ်ရေလျှံမှု ဖြစ်နေသော လမ်းများကို စီမံကိန်းတစ်ခုအနေဖြင့် JFPR မှ ထောက်ပံ့လှူဒါန်း၍  အာရှဖွံ့ဖြိုးရေးဘဏ်၏   စီမံခန့်ခွဲမှုဖြင့် ရပ်ကွက်၊    ကျေးရွာများအတွင်း   ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြောင်းကူးတံတားများ တပ်ဆင်ခြင်း၊ ရေသန့်စင်စက်များနှင့် အမှိုက်သိမ်းရာတွင် အထောက်အကူပစ္စည်းများကို ထောက်ပံ့ကူညီပေးလျက်ရှိသည်။

ရေဝပ်ရေလျှံ နှစ်စဉ်ကြုံတွေ့
ရန်ကုန်မြို့ပြ၏ စက်မှုဇုန်ကြီးတစ်ခုဖြစ်သော လှိုင်သာယာ စက်မှုဇုန်တွင် မိုးရာသီတွင်သာမက ယခုလိုနွေရာသီ၌ပင် လမ်း များ ရေဝပ်ရေလျှံဖြစ်လျက်ရှိရာ ကွန်ကရစ်လမ်းမခင်းရသေး သောလမ်းများလည်း ရေဝပ်ရေလျှံ နှစ်စဉ်ကြုံတွေ့နေရလျက်ရှိ သည်။လမ်းများ ရေဝပ်ရေလျှံ  အဓိကဖြစ်ပွားရခြင်းမှာ    အိမ်ရှေ့  ရေမြောင်းများ  ပိတ်ဆို့ခြင်းနှင့်   အိမ်နောက်ဘက် ၁၅ ပေ အကျယ်ရှိ မီးတားမြောင်းအတွင်း အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများ ဖြင့် မြို့တည်ချိန်မှ ၁ဝ နှစ်နောက်ပိုင်း ပိတ်ဆို့ခဲ့ခြင်းကြောင့် ဖြစ်သည်။ နှစ်စဉ် တိုးပွားလာသောလူဦးရေနှင့် အဆောင်နေ ထိုင်မှုနှင့် ကျူးကျော်နေထိုင်မှု အရှိန်မပြတ်တိုးလာလျက်ရှိသည့်  လှိုင်သာယာမြို့နယ်တွင်  ယခုလို   ရေဝပ်ရေလျှံဖြစ်နေသော လမ်းများ ကွန်ကရစ်လမ်းခင်းခြင်း၊   စာသင်ကျောင်းအနီးရှိ ရေမြောင်းတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ဒေသခံ ပြည်သူတို့ ဝမ်းသာပီတိဖြစ်ကြလျက်ရှိသည်။

ယခုဆောင်ရွက်သောစီမံကိန်းသည် JFPR ၏ ရှေ့ပြေး စီမံကိန်းဖြစ်ပြီး  ယခုစီမံကိန်းအောင်မြင်ပါက လှိုင်သာယာ မြို့နယ်တွင်းရှိ အခြားသောနေရာများတွင်လည်း အလားတူ စီမံကိန်းများ   ဆောင်ရွက်သွားမည်ဟုလည်း   သိရသည်။လှိုင်သာယာမြို့နယ်တွင် အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၁ဝ) ရပ်ကွက်အတွင်းရှိ လမ်းသွယ်ပေါင်း ၁၃ လမ်း၏ အရှည် ပေ ၇၈ဝဝ ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လျာထားသော ကြောင့် မတ်လ ၂၆ ရက်နေ့မှစတင်ကာ  လှိုင်သာယာမြို့နယ် အမှတ်(၇) ရပ်ကွက်တွင် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို  ဆောင်ရွက်လျက်ရှိရာ ယခုနှစ်  မိုးရာသီလမ်းရေမြုပ်မှု ကင်းဝေး တော့မည်ဖြစ်သည်။ အမှတ်(၁ဝ)ရပ်ကွက်အတွင်းရှိ လမ်းများ ကိုလည်း တစ်ပြိုင်တည်း အဆင့်မြှင့်တင်ခြင်းဖြစ်ရာ မိုးရာသီတွင် ရပ်ကွက်အတွင်းလမ်းများမှာ ကွန်ကရစ်လမ်းများဖြင့် ကျောင်း   သား ကျောင်းသူနှင့် သက်ကြီးရွယ်အို၊ ရဟန်းသံဃာများပါ မကျန် စိတ်အေးချမ်းသာစွာသွားလာနိုင်တော့မည်ဖြစ်သည်။

ရေဆိုးများလမ်းပေါ်သို့ရောက်ရှိနေ
ရပ်ကွက်နေပြည်သူတို့ လူနေမှုဘဝများ မြင့်တက်လာစေ ရန် အဓိကလိုအပ်ချက်မှာ လမ်း၊ လျှပ်စစ်မီးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးပင် ဖြစ် သည်။ ယခု လှိုင်သာယာ အမှတ်(၇)ရပ်ကွက်အတွင်း ကွန်ကရစ် လမ်းခင်းရာတွင် ရေမြောင်းများ  တူးဖော်၍  မြောင်းလုပ်ငန်း မပါဝင်သောကြောင့် ကွန်ကရစ်လမ်းပေါ်တွင် သွားလာနိုင်ပြီဖြစ်  သော်လည်း  အိမ်ခြံအတွင်း  မြေဖို့ကွန်ကရစ်မခင်းနိုင်သူများ ပိတ်ဆို့နေသော ရေမြောင်းတို့ကြောင့် ရေဝပ်ရေလျှံ ကြုံတွေ့ရ မည်သာဖြစ်သည်။   အဘယ်ကြောင့်ဆိုသော်   မိမိအိမ်ရှေ့ ရေမြောင်းပေါ်တွင် ကျောက်စီရေတိုင်ကီများ ချထားခြင်း၊ ဈေး ဆိုင်များ ဆောက်ထားခြင်း၊ အဆောင်များ ဆောက်လုပ်ခြင်းနှင့် ရေမြောင်းပေါ်တွင်ကွန်ကရစ်ဖြင့် အခိုင်အမာဆောက်လုပ်ခြင်း တို့ကြောင့် ရေဆိုးများ လမ်းပေါ်သို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုသို့ အခိုင်အမာဆောက်လုပ်ထားသော အရာဝတ္ထု တို့ကြောင့် လမ်းတစ်ခုတည်းကိုသာ ခင်းကျင်းပေးခြင်းဖြစ်ပေ မည်။

ပြည်သူငြိုငြင်မှုမရှိစေရန် အဓိကထားဆောင်ရွက်
အဘယ်ကြောင့်ဆိုသော် ထိုစီမံကိန်းသည် ရပ်ကွက်နေ ပြည်သူတို့၏    လူနေမှုဘဝများ  တိုးတက်မြင့်မားလာစေရန် ဖော်ဆောင်ပေးခြင်းဖြစ်သည့်အပြင် လှူဒါန်းရာတွင် ပြည်သူ ငြိုငြင်မှုမရှိစေရန်    အဓိကထား   ဆောင်ရွက်ခြင်းကြောင့် ဖြစ်သည်။ ထိုလမ်းများရှိ ရေမြောင်းပေါ်တွင် ဆောက်လုပ်ထား သော   အရာဝတ္ထုများ  ဖယ်ရှားပေးလိုသော   ဆန္ဒမရှိပါက ရေမြောင်းအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်မှုမလုပ်ဆောင်နိုင် သောကြောင့်ဖြစ်သည်။ အလှူရှင်များက မြို့ပြနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် အိမ်ရှင်ဖြစ်သူ တို့မှ  မလိုလားပါက  ထိုအိမ်ရှင်ဖြစ်သူတို့သာ နစ်နာသည်ကို ယနေ့တိုင် အမှန်မသိရှိသေးဘဲ ဖြစ်လျက်ရှိသည်။

လူမှုဘဝနေထိုင်မှုအဆင့်အတန်း
JFPRမှ လှူဒါန်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး နှင့်  မ္တလေးတိုင်းဒေသကြီးအတွင်းရှိ   မြို့နယ် လေးမြို့နယ် ပါဝင်သည်။   ရန်ကုန်တိုင်းဒေသကြီးတွင်   လှိုင်သာယာနှင့် ဒလမြို့နယ်ဖြစ်ပြီး မ္တလေးတိုင်းဒေသကြီးတွင် ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်မြို့နယ်တို့ဖြစ်သည်။ ထိုစီမံကိန်းကို ၂ဝ၁၈ ခုနှစ် မိုးရာသီမတိုင်မီ ပြီးစီးနိုင်ရန် ရည်မှန်းလုပ်ဆောင်ကြလျက်ရှိသည်။  စီမံကိန်း၏ ရည်ရွယ်ချက်သည် လူမှုအဖွဲ့အစည်းများအား ¤င်းတို့ ၏ လူမှုဘဝနေထိုင်မှုအဆင့်အတန်းနှင့် စီးပွားရေးအဆင့်အတန်း    တိုးတက်မြင့်မားလာစေရန်နှင့်     ရပ်ကွက်အဆင့်  အခြေခံ အဆောက်အအုံနှင့်   ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်သည်ဟု ဆိုသည်။

ဤစီမံကိန်းကို JFPRက ထောက်ပံ့လှူဒါန်းပြီး အာရှ ဖွံ့ဖြိုးရေးဘဏ်၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ရာ စီမံကိန်း ကို ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့်   ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မ္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ဖြင့်  ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရာ ရပ်ကွက်အတွင်း ရှိ   အမှိုက်သိမ်းစနစ်ကို   အထောက်အကူပြုစေရန်အတွက်  စီမံကိန်းမှ စတီးအမှိုက်ကန်  ခြောက်ကန် တည်ဆောက်ခြင်း၊ အမှိုက်သိမ်းဆည်းရာတွင် အဆင်ပြေချောမွေ့စေရန် ဘီးပါသော အမှိုက်ပုံးများနှင့်    အမှိုက်သိမ်း   မော်တော်ဆိုင်ကယ်များကို ထောက်ပံ့ခြင်းတို့ကို ဤစီမံကိန်းလုပ်ဆောင်မှုအတွက်   ရပ်ကွက် နေ ပြည်သူတို့ သိရှိနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင် တို့ကို ဖြန့်ဝေပေးထားခဲ့သည်။                          
ယနေ့ ရန်ကုန်မြို့ပြနှင့် မြို့နယ်တို့တွင် ရင်ဆိုင်နေရသော အခက်အခဲမှာ ရပ်ကွက် ရေမြောင်းများ    ပိတ်ဆို့မှုကြောင့်  ကျန်းမာရေးစောင့်ရှောက်မှုကို   ထိခိုက်နေခြင်းပင် ဖြစ်သည်။ မိမိတို့ အိမ်ရှေ့ရှိ ရေမြောင်းနှင့် အိမ်နောက်ဘက်ရေမြောင်းများ ပိတ်ဆို့လျက် ရေဆိုးများ  ထွက်ပေါက်ပိတ်နေခြင်းပင် ဖြစ်သည်။  ရပ်ကွက်တွင်း   လမ်းမကြီးရှိ  ရေမြောင်းများနှင့် လှိုင်မြစ်တွင်း စီးဆင်းသည့် ပင်မရေမြောင်းကြီးများ တူးဖော်နေ သော်လည်း ရပ်ကွက်အတွင်း လမ်းသွယ်များအတွင်းမှ ရေမြောင်းများတွင် ပိတ်ဆို့နေ သော အတားအဆီးများကို ရှင်းလင်းဖယ်ရှားနိုင်ခြင်း မရှိပါက ရပ်ကွက်၊ ကျေးရွာများ အတွင်းရှိ လမ်းများ ရေဝပ်ရေလျှံမှုများ ဆက်လက်ရှိနေမည်သာ ဖြစ်သည်။  မိမိလမ်း ကောင်းမွန်မှသာ မိမိရပ်ကွက် သန့်ရှင်းသာယာလှပမည်ဖြစ်ပြီး  မြို့နယ်များနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို   အထောက်အကူဖြစ်စေမည် ဖြစ်သည်။

သို့ဖြစ်၍ ရန်ကုန် မြို့ပြ၏ မြို့နယ်များ လူမှုဘဝနေထိုင်မှု  အဆင့်အတန်းနှင့် စီးပွားရေးအဆင့်အတန်း     တိုးတက်မြင့်မားလာစေရန်     ဆောင်ရွက်မှုအပေါ်   မိုးရွာစဉ်ရေခံလျက် ဝိုင်းဝန်း   ဖော်ဆောင်နိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါ သည်။      

သန်းထိုက်(လှိုင်သာယာ)ဓာတ်ပုံ-သစ္စာ(မြန်​မာ့အလင်း)

No comments:

Post a Comment