Latest News

Tuesday, March 20, 2018

ကျောက်တန်းရေလယ်ဘုရားသို့ YangonWater Busနှစ်ထပ် ရေယာဉ်ဖြင့် ဘုရားဖူးရောက်ရှိ

ကျောက်တန်းရေလယ်ဘုရားသို့  YangonWater Busနှစ်ထပ်
ရေယာဉ်ဖြင့် ဘုရားဖူးရောက်ရှိ

ကျောက်တန်း   မတ်   ၁၉

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ရှိ ရှေးဟောင်းသမိုင်း ဝင်ကျိုက်မှော်ဝန်းရေလယ်စေတီတော်သို့ နိုင်ငံခြားသားများ နှင့်  ပြည်တွင်းဘုရားဖူးများအနေဖြင့်   ရန်ကုန်-သန်လျင်               ကျောက်တန်းကုန်းလမ်းခရီးဖြင့်သာ နေ့စဉ်လာရောက်ကြပြီး   မတ် ၁၇ ရက်က  တင့်တင့်မြန်မာခရီးသွားလုပ်ငန်းမှ ရေယာဉ်မှူး ဦးသိန်းနိုင်နှင့် ဝန်ထမ်း ၂၃  ဦးတို့ကYangonWater Busနှစ်ထပ်ရေယာဉ်ဖြင့် ဘုရားဖူးခရီးသည် ၁၄၃ ဦးတင်ဆောင် ပြီး ရေကြောင်းခရီးဖြင့်  ရေလယ်ဘုရားသို့  ရောက်ရှိလာကြ သည်။

နှစ်ထပ်ရေယာဉ်မှာ  မြို့ဘက်ကမ်းအနီးတွင်  ကျောက်ချ ရပ်နားလျက် ဘုရားဖူးခရီးသည်များအား ကူးတို့စက်ရေယာဉ် ကြီးများဖြင့် ဘုရားသို့ပို့ဆောင်ပေးပြီး ဘုရားမှမြို့ဘက်ကမ်း ထိုမှ နှစ်ထပ်သင်္ဘောသို့ပြန်လည်ပို့ဆောင်ပေးသည်။

ဘုရားဖူးပြီး ကျောက်တန်းဘက်ကမ်းတွင် နှစ်နာရီလည်ပတ် ခွင့်ရ၍ ကမ်းနားဘုရားခေါ် ရှေးဟောင်းကျိုက်ပြာသာဒ်တနော် စေတီတော်သို့ တက်ရောက်ဖူးမြော်သူများနှင့် ဈေးတန်းမှ ဒေသထွက် ငါးပုတ်ခြောက်၊ ပုစွန်ခြောက်ဝယ်သွားကြသည်ကို လည်းတွေ့ရသည်။

 ရေလယ်ဘုရားကို  သင်္ဘောပေါ်မှဖူးပြီး  ကလေးများနှင့် အတူအေးချမ်းစွာစားသောက်နေကြ သည့် မိသားစုများကိုတွေ့၍ လေ့လာရာ မြောက်ဥက္ကလာနေသူ ဦးဌေးညွန့် က မိသားစု ၁၆  ဦးလိုက်ပါလာကြောင်း၊ ကုန်းလမ်းမှ  မကြာမကြာ  ဘုရားဖူး ရောက်ကြောင်း၊   ရေလမ်းခရီးဖြင့်   ပထမအကြိမ်လာရောက်            ရ၍  ဝမ်းသာပျော်ရွှင်ကြောင်း၊   ဗိုလ်တထောင်ဆိပ်ကမ်းမှ မြင်ကွင်းများနှင့် သီလဝါစက်မှုဇုန် မြင်ကွင်းများကို ကြည့်ရှု ရကာ ပင်လယ်လေညှင်းခံရ၍  ခရီးစဉ်မှာ  အဆင်ပြေကြောင်း ပြောပြသည်။

အဆိုပါ ကျောက်တန်းရေလယ်ဘုရားဖူးနှစ်ထပ်ရေယာဉ် သည် ခရီးသည်များနှင့်အတူ ညနေ ၄ နာရီခွဲတွင်  ပြန်လည် ထွက်ခွာသွားပြီး တနင်္ဂနွေနေ့တွင်လည်း ယခုခရီးစဉ်အတိုင်း ရောက်ရှိခဲ့ကြောင်း သိရသည်။

စိုးဝင်း(ကျောက်တန်း)

No comments:

Post a Comment