Latest News

Tuesday, March 20, 2018

အသက် ၉ဝ နှင့်အထက် အဘိုးအဘွားများအား ထောက်ပံ့ကြေးပေးအပ်

အသက် ၉ဝ နှင့်အထက် အဘိုးအဘွားများအား
ထောက်ပံ့ကြေးပေးအပ်

အင်းတော်   မတ်  ၁၉

အသက် ၉ဝ နှင့် အထက်အဘိုးအဘွားများအား အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့ ကြေးပေးအပ်ပူဇော်ကန်တော့ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ်      မော်လူးကျေးရွာအုပ်စု၌ မတ် ၁၇ က ပြုလုပ်ခဲ့သည်။

မော်လူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ  ၁ဝ ရွာထဲမှ အသက် ၉ဝ ကျော်သူများ ဖြစ်သည့် ဦးညိုမြ(ဟဲနု)၊ ဦးဘသွင်(ဟဲနု)၊ ဦးခင်မောင်(အုန်းဒုတ်)၊ ဒေါ်ချစ်မုန်း (မင်းသာ)၊ ဒေါ်သန်းရင်၊ ဒေါ်ခင်လေး၊ ဒေါ်လှစိန်၊ ဒေါ်ပို၊ ဒေါ်လေးညို၊ ဒေါ်လှချယ်၊ ဒေါ်အေးမယ် (မော်လူး)တို့အား ဇန်နဝါရီမှ မတ်လအထိ သုံးလစာတစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ$ စီကို မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့်ရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ခံများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။      
                                             
 ညိုမင်းထက်(မြန်မာစာ)

No comments:

Post a Comment