Latest News

Tuesday, March 20, 2018

အမှိုက်သိမ်းကားများမြင့်နေသောကြောင့် အမှိုက်ပစ်သူများ အဆင်မပြေမှုများကြုံတွေ့နေရ

အမှိုက်သိမ်းကားများမြင့်နေသောကြောင့် အမှိုက်ပစ်သူများ
အဆင်မပြေမှုများကြုံတွေ့နေရ

မြစ်ကြီးနား မတ် ၁၉

မြစ်ကြီးနားမြို့တွင် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ရပ်ကွက်အတွင်း အမှိုက် သိမ်းကားများဖြင့် လိုက်လံသိမ်းဆည်း ပေးရာတွင်  ကားများမှာမြင့်နေသော  ကြောင့် အမှိုက်ပစ်သူများမှာ အဆင် မပြေမှုများ   ကြုံတွေ့နေရကြောင်း ရပ်ကွက်နေ ဒေသခံများထံမှ သိရသည်။
လက်ရှိအမှိုက်သိမ်းပေးသည့် ကား များမှာ တုန်ဖုန်းကားများဖြစ်ပြီးကိုးပေခန့်မြင့်သည့်အတွက်  အသက်အရွယ် ကြီးသူ အမျိုးသမီးများ၊ ကလေးသူငယ် များမှာ အမှိုက်ပစ်ရာတွင် အဆင်မပြေမှု များ ကြုံတွေ့နေရကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ    မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်၂၈ ရပ်ကွက် ရှိရာ ၂၅ ရပ်ကွက်မှ အမှိုက်များကို အမှိုက် သိမ်းကား ၁၁ စီးဖြင့် သိမ်းဆည်းပေးနေပြီး ကြက်ပေါင်ခြံရပ်ကွက်၊ ရွှေအိုက်ရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်စသည့် သုံးရပ်ကွက် ကို အမှိုက်သိမ်းဆည်းပေးသည့်ကား မလုံလောက်မှုကြောင့် သိမ်းဆည်းပေး နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

''အမှိုက်သိမ်းယာဉ် အခက်အခဲ ရှိနေတဲ့အတွက်ကြောင့် မြို့ပေါ်ရပ်ကွက် ၂၈ ရပ်ကွက်မှာ၂၅ ရပ်ကွက်ကိုပဲ အမှိုက် သိမ်းပေးနိုင်ပါတယ်၊ အစိုးရအဖွဲ့ကို ယာဉ် ထပ်တိုးပေးဖို့လည်း တောင်းထားပါတယ်၊ သုံးလကျော်လောက်တော့ရှိပြီ၊ သူများ မြို့တွေမှာလို အခုလက်ရှိအမှိုက်သိမ်းပေး နေတဲ့ကားထက်ပိုနိမ့်တဲ့ကားတွေအ သက် ၁ဝ နှစ်သား၊ ၁၂ နှစ်သား ကလေး တွေလည်း ပစ်နိုင်တဲ့ကားအနိမ့်လေးတွေ လည်း တောင်းထားပါတယ်''ဟုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဌာန စိတ်မှဒုဦးစီးမှူး ဦးအောင်နေစိုးက ပြော သည်။

မင်းမင်းဦး

No comments:

Post a Comment