မန်းချောင်းရေလှောင်တမံမှ နွေသီးနှံစိုက်ပျိုးရေ ပေးဝေမှုနှင့်အတူ
ရွှေစက်တော်ဘုရားဖူးများ ချမ်းမြေ့ကြည်နူးစွာ စည်ကားလျက်ရှိ
မင်းဘူး မတ် ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲ မြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင် တမံသည် လက်ထောက်ညွှန်ကြားရေးမှူး ရုံး (ဆည်မြောင်း)၊ ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန (မင်းဘူးမြို့)မှ ထိန်းသိမ်းထားသော ရေလှောင်တမံတစ်ခု ဖြစ်သည်။ ယခုနှစ်တွင် မန်းချောင်း ရေလှောင်တမံမှ ရေပြည့်သိုလှောင်နိုင်ခဲ့ သည့်အတွက် မန်းချောင်းရေလှောင်တမံ ရေသောက်စနစ်နှင့် အိုင်းမရေလွှဲဆည် ရေသောက်စနစ်များကို နွေစပါး၊ နွေနှမ်း စိုက်ပျိုးရာသီအတွက် ဖေဖော်ဝါရီ ၁၅ ရက် တွင် ရေစတင်ပေးဝေခဲ့သည်။ မန်းချောင်း ရေလှောင်တမံမှ သိုလှောင်ရေကို အိုင်းမ ဆည်သို့ ရေကူပေးပြီး ယခုနှစ်တွင် နွေစပါး၊ နွေနှမ်း (နွေသီးနှံ) လျာထားဧက စုစုပေါင်း ၁၆၆၈၅ ဧက ရေအပြည့်အဝ ပေးဝေမည်ဖြစ်ကြောင်း သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန (မင်းဘူးမြို့) လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ''ကျွန်တော်တို့ဌာနက ထိန်းသိမ်းထားတဲ့ မန်းချောင်းရေလှောင်တမံကရေကို ငဖဲမြို့ ပတ်ဝန်းကျင်ဒေသတွေနဲ့ အိုင်းမရေလွှဲ ဆည်ကတစ်ဆင့် မင်းဘူး၊ စကု၊ ပွင့်ဖြူဒေသ များမှ ရေသောက်စနစ်တွေကို စိုက်ပျိုးရေ ပြည့်ဝလုံလောက်စွာ ရေပေးဝေနိုင်တဲ့ အပြင် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ ပါ မန်းချောင်းမှတစ်ဆင့် ရေချပေးထားတာ ဖြစ်ပါတယ်၊ မန်းရွှေစက်တော်၏ ထူးခြား ချက်မှာ အမြို့မြို့အနယ်နယ်မှ ဘုရားဖူးများ မန်းရွှေစက်တော်ရှိ အထက်စက်တော်ရာနှင့် အောက်စက်တော်ရာများကို ဖူးမြော်ကြည် ညိုပြီး ကြည်လင်အေးမြတဲ့ မန်းချောင်းရေချိုး ခြင်းဖြင့် စိတ်ရွှင်လန်းချမ်းမြေ့ကာ နှစ်စဉ် ဖူးမြော်လိုသော ဆန္ဒများ ပေါ်ပေါက်လာ သည့်အတွက် ဆည်ရေအကျိုးနဲ့ ကုသိုလ်ပါ ထပ်တိုးတာပေါ့''ဟု ပီတိစကား ပြောကြား ခဲ့သည်။
မန်းချောင်းရေလှောင်တမံမှ ရေကို စိုက်ပျိုးရန်အတွက်သာမက မန်းရွှေစက် တော်ဘုရားပွဲတော်ကို တပို့တွဲလဆန်း၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ပွဲတော်ကာလ ရက်ရှည်ကြာမြင့်စွာ စည်ကားသိုက်မြိုက်ရေးအတွက် မရှိမဖြစ် ရေလှောင်တမံဖြစ်ပြီး ဒေသနှင့်ပတ်ဝန်းကျင် စိမ်းလန်းသာယာ ဖွံ့ဖြိုးစေသော ပြည်သူ့ အကျိုးပြု တမံဖြစ်ကြောင်း သိရသည်။
ယခုအခါ မန်းချောင်းရေလှောင်တမံမှ သိုလှောင်ရေဖြင့် နွေသီးနှံစိုက်ခင်းများ၊ စပါးခင်းများ စိမ်းလန်းဝေဆာတော့မည် ဖြစ်ကာ မန်းရွှေစက်တော် ဘုရားပွဲတော်တွင် လည်း ဘုရားဖူးပြည်သူများဖြင့် ကြက်ပျံ မကျ စည်ကားလျက်ရှိကြောင်း သိရ သည်။
သန်းဌေး(မင်းဘူး)
Tuesday, March 20, 2018
မန်းချောင်းရေလှောင်တမံမှ နွေသီးနှံစိုက်ပျိုးရေ ပေးဝေမှုနှင့်အတူ ရွှေစက်တော်ဘုရားဖူးများ ချမ်းမြေ့ကြည်နူးစွာ စည်ကားလျက်ရှိ
မန်းချောင်းရေလှောင်တမံမှ နွေသီးနှံစိုက်ပျိုးရေ ပေးဝေမှုနှင့်အတူ ရွှေစက်တော်ဘုရားဖူးများ ချမ်းမြေ့ကြည်နူးစွာ စည်ကားလျက်ရှိ
Reviewed by Ar Ti
on
9:23 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment