Latest News

Tuesday, March 20, 2018

ချင်းပြည်နယ်ရှိ မြို့သုံးမြို့ကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးရန်စီစဉ်

ချင်းပြည်နယ်ရှိ မြို့သုံးမြို့ကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးရန်စီစဉ်

ဟားခါး မတ် ၁၉

ချင်းပြည်နယ်အတွင်းရှိ တီးတိန်မြို့၊ မတူပီမြို့နှင့် ပလက်ဝမြို့တို့ကို ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း    မဟာဓာတ်အားလိုင်းမှ
လျှပ်စစ်မီးပေးရန် စီစဉ်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့၊ ဖလမ်းမြို့၊ ထန်တလန်မြို့၊ ခိုင်ကမ်းမြို့၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များသို့ လျှပ်စစ်ဓာတ်
အား ပို့လွှတ်ပေးနိုင်ခဲ့ပြီးဖြစ်သည့်အပြင် မဟာဓာတ်အားလိုင်းရောက်ရှိရန် အလှမ်းဝေးသည့်မြို့များအနက် ရေဇွာမြို့၊ ရိခေါ
ဒါရ်မြို့၊ တွန်းဇံမြို့နှင့် ကျီခါးမြို့များအတွက် ရေအားလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်   အသေးစား  ရေအားလျှပ်စစ်စက်ရုံ သုံးခုကို   ယခုဘဏ္ဍာနှစ်မှစ၍    တည်ဆောက်ရန် ဆောင်ရွက်ထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့  စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနမှ သိရသည်။

''ချင်းပြည်နယ်ကို ပြည်ပလုပ်ငန်းတွေ လာရောက်လုပ်ကိုင် ရင်းနှီးမြှုပ်နှံချင်ပေမယ့် လည်း တချို့မြို့တွေက လျှပ်စစ်ဓာတ်အား ၂၄ နာရီမရသေးဘူး။   လက်ရှိမြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေကို ဒီဇယ်မီးစက်နဲ့ ရေအားလျှပ်စစ်တို့ကနေတစ်ဆင့် လျှပ်စစ်မီးရရှိနေပေမယ့်လည်း   ဒေသတွင်း လုံလောက်မှု  လုံးဝမရှိတဲ့အတွက်ကြောင့် မီးအလှည့်ကျဖြန့်ဖြူးပေးနေတယ်။ အမြန်ဆုံးနဲ့လက်တွေ့  အကောင်အထည်ဖော်ပေးဖို့ဒေသခံတစ်ယောက်အနေနဲ့လိုလားပါတယ်'' ဟု တီးတိန်မြို့နေ ဦးပါးဒါးလ်က ပြောသည်။

၂ဝ၁၇- ၂ဝ၁၈    ဘဏ္ဍာနှစ်အတွင်း ချင်းပြည်နယ်အတွက် ရန်ပုံငွေကျပ် ၁၂၇၈ဝ၈ ဒသမ ၄ဝ၆ သန်းရရှိခဲ့သည့်အနက်မှ ငွေကျပ်
၁၄၃၂၉ ဒသမ ၉၉၂ သန်းကိုဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှတစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး    လုပ်ငန်းများအတွက်လည်း
ကောင်း၊ ငွေကျပ် ၁၁၄၃၆ ဒသမ ၄၈၁ သန်း ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအတွက်လည်းကောင်း၊ ငွေကျပ် ၉၅ဝ၆ ဒသမ
၆၉၇ သန်းကို    မြို့ပြစည်ပင်သာယာရေး ဆိုင်ရာ လုပ်ငန်းများအတွက်လည်းကောင်း ခွဲဝေချထားပေးခဲ့ကြောင်း   ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။      

ဇိုဟေဆာ

No comments:

Post a Comment