တိုက်စစ်မှူး စီရိုနယ်လ်ဒို သွင်းယူ
တိုက်စစ်မှူးစီရိုနယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းက ဂျီရိုနာအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဟက်ထရစ်ဂိုးသွင်းယူနိုင် ခဲ့ခြင်းကြောင့် ¤င်း၏ ကစားသမားဘဝတစ်လျှောက်တွင် အကြိမ် ၅ဝ မြောက်သွင်းယူခဲ့သည့် ဟက်ထရစ်ဂိုးလည်းဖြစ်လာခဲ့သည်။
စီရိုနယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဂျီရိုနာအသင်း တို့ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းက ခြောက်ဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် သွင်းဂိုးလေးဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။
ယင်းပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက်သွင်းဂိုးများကို စီရိုနယ်လ်ဒိုက ပွဲကစားချိန် ၁၁ မိနစ်၊ ၄၇ မိနစ်၊ ၆၄ မိနစ်နှင့် မိနစ် ၉ဝ တို့တွင် လေးဂိုးသွင်းယူပေးခဲ့ပြီး ဗက်ဇ်ကွက်ဇ်က ၅၉ မိနစ်နှင့် ဂါရတ်ဘေးလ်က ၈၆ မိနစ်တို့တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ဂျီရိုနာအသင်းအတွက် ချေပဂိုးများကို စတူအာနီက ၂၉ မိနစ် နှင့် ၆၇ မိနစ်တွင်တို့တွင်လည်းကောင်း၊ ရာမီရက်လိုပက်ဇ်က ပွဲကစား ချိန် ၈၈ မိနစ်တို့တွင်လည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
တိုက်စစ်မှူးစီရိုနယ်လ်ဒိုသည် ယခုပွဲစဉ်တွင် သွင်းဂိုးလေးဂိုး သွင်းယူနိုင်ခဲ့ခြင်းကြောင့် လာလီဂါပွဲစဉ် ၂၉ အပြီးတွင် သွင်းဂိုး ၂၂ ဂိုးအထိရှိလာခဲ့ပြီး လာလီဂါဂိုးသွင်းအများဆုံး ကစားသမားစာရင်း တွင်လည်း ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကာ ဂိုးအများဆုံးသွင်း ယူထားသည့် တိုက်စစ်မှူး မက်ဆီနှင့် သုံးဂိုးသာကွာတော့ကြောင်း သိရသည်။ တိုက်စစ်မှူး မက်ဆီမှာ လာလီဂါသွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူထားသည်။
ရီးယဲလ်မက်ဒရစ်အသင်းမှာ ဂျီရိုနာအသင်းနှင့် ပွဲစဉ်တွင် အနိုင်ရရှိခဲ့ခြင်းကြောင့် လာလီဂါအမှတ်ပေးဇယား၏ အဆင့်(၄)နေရာမှ ဗလင်စီယာအသင်းကို တစ်မှတ်ဖြတ်ကာ အဆင့်(၃)နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ငွေကြယ်
No comments:
Post a Comment