Latest News

Tuesday, March 13, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရှောင်တခင် ဝင်ရောက်ကြည့်ရှု

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရှောင်တခင် ဝင်ရောက်ကြည့်ရှု

နေပြည်တော်  မတ်  ၁၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊     ကင်ဆာရောဂါ ဆေးပညာ၊ ပြင်ပလူနာဆေးသွင်းဌာနသို့ ရှောင်တခင် ဝင်ရောက်ကြည့်ရှု၍ လူနာ များ    ကင်ဆာရောဂါဆေးဝါးများ ဆေးသွင်းကုသမှုခံယူနေမှု အခြေအနေ၊ ကင်ဆာရောဂါ  စာရင်းဇယားများ စနစ် တကျ ဖြည့်သွင်းနေမှုအခြေအနေ၊ ဆရာ ဝန်၊ ဆရာမများ လုပ်ငန်းခွင်တွင် ဆောင် ရွက်နေရမှုအခြေအနေ၊ လူနာများ စောင့် ဆိုင်းရမှုအခြေအနေ၊   ဆေးသွင်းကုသ ဆောင်နှင့် ပတ်ဝန်းကျင်အခြေအနေများ ကို အသေးစိတ်ကြည့်ရှုကာ ပံ့ပိုးပေးနိုင် သည့် အချက်များကို ချက်ချင်းညှိနှိုင်း ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီး သည် ကင်ဆာရောဂါကု (ဓာတ်ရောင် ခြည်)ဌာန၊ ကင်ဆာရောဂါနာကျင်မှုနှင့်ဝေဒနာပေါင်းစုံ    ထောက်ကူပြုဌာန၊ ကင်ဆာရောဂါဝေဒနာရှင်    လူနာများ ဓာတ်ရောင်ခြည်ဖြင့်    ကုသမှုခံယူမှု အခြေအနေ၊  ဓာတ်ရောင်ခြည်ကုသမှု စက်များ၏ လည်ပတ်နေမှုအခြေအနေ၊ ဓာတ်ရောင်ခြည်ဖြင့်    ကုသမှုခံယူရန် အတွက် လူနာများစောင့်ဆိုင်းရမှု အခြေ အနေ၊    ဓာတ်ရောင်ခြည်စက်များကို ကိုင်တွယ်ကုသမှုပေးနေသော ဆရာဝန်၊ ဆရာမ၊      ကျွမ်းကျင်ဝန်ထမ်းများ၏လုပ်ငန်းခွင်   အဆင်ပြေမှုအခြေအနေ၊ စက်များတည်ရှိရာ အဆောက်အအုံများ အခြေအနေ၊   ကင်ဆာရောဂါဆေးကုသ ဆောင် (ငါးထပ်ဆောင်)အသစ်  ဆောက် လုပ်ပြီးစီးမှုအခြေအနေနှင့် ဓာတ်လှေ ကားတပ်ဆင်နိုင်ရန်  ဆောင်ရွက်ရမည့် အခြေအနေများကို    အသေးစိတ်ကြည့်ရှု ကာ လုပ်ငန်းများ အဆင်ပြေချောမွေ့စေ ရေးအတွက် ပံ့ပိုးပေးနိုင်သည့်အချက်များ ကို တာဝန်ရှိသူများနှင့်  ညှိနှိုင်း၍  ပံ့ပိုး ပေးခဲ့ကြောင်း သိရသည်။
အလားတူ  ပြည်ထောင်စုဝန်ကြီး သည်   ခုတင် ၃ဝဝ ဆံ့ အရိုးရောဂါကု ဆေးရုံကြီး  (ကြည့်မြင်တိုင်)သို့ ရှောင် တခင် ဝင်ရောက်ကြည့်ရှုကာ ပြင်ပလူနာ ဌာန၊ ဆေးကုသဆောင်၊ ဓာတ်မှန်နှင့် ရောဂါရှာဖွေရေးစက်များ၊    ခွဲစိတ်ခန်း၊ ဆေးရုံပတ်ဝန်းကျင်  အခြေအနေများ အား အသေးစိတ်ကြည့်ရှုကာ လိုအပ်ချက် များကို   ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။                 သတင်းစဉ်

No comments:

Post a Comment