တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် နေအိမ်မှထွက်လာသည့် ကျောင်းသူတစ်ဦး ဓားဖြင့်ထိုးခံရ
ရန်ကုန် မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ်၌ ယနေ့ နံနက် ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် နေအိမ်မှ ထွက်လာသည့် ကျောင်းသူတစ်ဦးအား အမျိုးသား တစ်ဦးက ဓားဖြင့်ထိုးရာ ဒဏ်ရာ များရရှိသဖြင့် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ တင်ပို့လိုက်ရ ကြောင်း သက်ဆိုင်ရာမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မြောက် ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ မြို့သစ်နေ မဂျူလိုင်သင်းသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် နေအိမ်မှ အဆိုပါမြို့နယ်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်းသို့ ထွက်လာစဉ် မင်းရဲနရ ပတိလမ်းပေါ်၌ လင်းထက်(၂၁ နှစ်) နှင့် စကားများရာမှ လင်းထက် က အသင့်ပါလာသော ဓားဖြင့် ထိုးလိုက်သဖြင့် မဂျူလိုင်သင်း၏ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ တစ် ချက်၊ ညာဘက်လက်ပြင်တွင် ထိုး သွင်းဒဏ်ရာ တစ်ချက်၊ ဝဲဘက် ပေါင်တွင် ပြတ်ရှဒဏ်ရာ တစ်ချက် တို့ ရရှိခဲ့၍ မြောက်ဥက္ကလာပဆေးရုံ ကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် ကုသလျက်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ လင်းထက်အား ရွှေပေါက္ကံနယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
ဇော်ကြီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment