Latest News

Sunday, March 25, 2018

ပုသိမ်မြို့နယ်၌ တောဆင်ရိုင်း အမတစ်ကောင် သေဆုံး

ပုသိမ်မြို့နယ်၌ တောဆင်ရိုင်း အမတစ်ကောင် သေဆုံး

နေပြည်တော်    မတ်    ၂၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာသစ်တော ကြိုးဝိုင်းအကွက်  အမှတ်  ၄၈  ဒေသအခေါ် သဲအိုင်တော၌     မတ် ၂၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်က တောဆင်ရိုင်းတစ်ကောင် သေဆုံးနေကြောင်း သိရသည်။

အဆိုပါသတင်းအရ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ၊ သလပ်ခွာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဆရာဝန် ဒေါက်တာ ထွန်းထွန်းလင်း၊ ရေသိုးပွက်တော်မူဆင်စခန်းမှ ဆင်ဦးစီး ဦးမိုးဝင်းတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ အလျား ရှစ်ပေ၊ ခုနစ် လက်မ၊ လုံးပတ် ကိုးပေ ရှစ်လက်မ၊ အစွယ်မရှိ အသက်(၁၄ နှစ်)ခန့် တောဆင်ရိုင်းအမ တစ်ကောင်အား  ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရပြီး သန်ကောင်ရောဂါကြောင့် ဝမ်းလျှောဝမ်းပျက်ဖြစ်ကာ အားအင်ချည့်နဲ့၍ သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မီးရှို့ဖျက်ဆီး ရန်စီစဉ်ထားကြောင်း သိရသည်။          

ကိုရဲ

No comments:

Post a Comment