Latest News

Sunday, March 25, 2018

နိုင်ငံတော် ၏ အဓိပတိ သမ္မတဖြစ်လာတော့မည့် ဦးဝင်းမြင့် ၏ နိုင်ငံရေး ဘဝ ကောက်ကြောင်း

နိုင်ငံတော် ၏ အဓိပတိ သမ္မတဖြစ်လာတော့မည့် ဦးဝင်းမြင့် ၏ နိုင်ငံရေး ဘဝ ကောက်ကြောင်း



ဦးဝင်းမြင့်ကို ၈-၁၁-၁၉၅၁ ခုနှစ်တွင် အဖ ဦးထွန်းကြင်၊ အမိ ဒေါ်သန်းတို့မှ မွေးဖွားခဲ့

ဧရာဝတီတိုင်းဒေသ ကြီး၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ညောင်ချောင်းကျေးရွာ မူလတန်း ကျောင်း၊ ဓနုဖြူအထက်တန်းကျောင်း၊ အမှတ်(၆)ပုသိမ် အထက်တန်းကျောင်း၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး B.Sc (Geology), H.G.P, R.L ဘွဲ့များ ရရှိခဲ့သည်။

အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ တာဝန်များကို ဓနုဖြူမြို့နယ်တွင် ထမ်းဆောင်ခဲ့ပြီး NLD ပါတီ၏ ဓနုဖြူမြို့နယ်စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

 တက္ကသိုလ်ကျောင်းသားဘ၀မှစ၍ နိုင်ငံရေးနယ်ပယ်ထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၈၈ လူထုအရေးတော်ပုံတွင် တက်ကြွစွာပါဝင်ခဲ့သူဖြစ်သည်။ ယင်းကြောင့် လည်း အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ၃ ကြိမ်တိုင်ခံခဲ့ရသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

 ၁၉၉၅ ခုနှစ်တွင် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အတွင်းရေး မှူးနှင့် ၂၀၁၀ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြန်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီ အတွင်းရှေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း ကောင်း တာဝန်များကို ထမ်းဆောင်ခဲ့သည်။ယ

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မဲဆန္ဒနယ်၌ ထပ်မံ ရွေးချယ်ခံအနိုင်ရပြီး ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ် ရွေးကောက်ခံရပြန်ရာ ၃ ကြိမ်တိုင် (၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅) ရွေးကောက်ခံရသည့် ပြည်သူ့ကိုယ်စားလှယ်ဟုလည်း ဆိုရမည်ဖြစ်သည်။

လွှတ်တော်တာဝန်ထမ်းဆောင်သည့် သက်တမ်းတစ်လျှောက် ပြည်ပဘဏ်များတွင် မြန်မာ ဘဏ်စာရင်း ၅ ခုဖြင့် အပ်နှံထားသည့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကိစ္စ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၏ ရွှေ့ပြောင်း/မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ပေးကြေညာရန်ကိစ္စများကို ဦးစီးဆောင်ရွက်ခဲ့သည်။

ယင်းအပြင် ဖြောင့်မတ်မှန်ကန်မျှတသော တရားစီရင်ရေးဖြစ်ထွန်းစေရန်၊ တရားသူကြီး၊ အမှု သည်များနှင့် သက်သေများ ကျမ်းသစ္စာကျိန်ဆိုရန်၊ လယ်မြေ/အခြားမြေ သိမ်းဆည်းခံရခြင်းကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် ပြည်ထောင်စုအစိုးရမှ အချိန်ဇယားထုတ်ပြန်ပြီး အရေးယူ ဆောင်ရွက်ပေးရန်တို့ကို တက်တက်ကြွကြွဆောင်ရွက်ခဲ့သူဖြစ်သည်။
၎င်းသည် ပြည်သူ့ဆန္ဒနှင့်အညီဆောင်ရွက်ရေး လွှတ်တော်ကိုယ်စားလှယ်အားလုံးကို လွှတ်တော် အစည်းအဝေးများတွင် ပဲ့ပြင်ဆုံးမရာ၌ သြဇာကြီးမားသူအဖြစ်လည်း အသိအမှတ်ပြုခံရသူဖြစ်သည်။

ရွေးကောက်ပွဲကတိက၀တ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးများကိုလည်း တတ်စွမ်းသမျှ အကောင်အထည်ဖော်ခဲ့ကာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌတာဝန်မှ နုတ်ထွက်ခဲ့သူဖြစ်သည်။

*************

ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း
---------------==

ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း (၂၀၁၅-၂၀၁၈)

• မွေးဖွား - ၈-၁၁-၁၉၅၁ ခုနှစ်၊ ဦးထွန်းကြင်၊ ဒေါ်သန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာ၊

• ပညာရေး - ညောင်ချောင်းကျေးရွာမူလတန်းကျောင်း၊ ဓနုဖြူအထက်တန်းကျောင်း၊ အမှတ်(၆)ပုသိမ်အထက်တန်းကျောင်း၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် B.Sc (Geology), H.G.P, R.L

• တာဝန်ထမ်းဆောင် - အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ(ဓနုဖြူမြို့နယ်)၊ NLD ဓနုဖြူမြို့နယ်စည်းရုံးရေးအဖွဲ့အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်
တက္ကသိုလ်ကျောင်းသားဘ၀ကတည်းက နိုင်ငံရေးနယ်ပယ်ထဲသို့ စတင်ဝင်ရောက်ခဲ့၊ ၁၉၈၈ လူထုအရေးတော်ပုံတွင် တက်ကြွစွာပါဝင်ခဲ့
အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ၃ ကြိမ်တိုင်ခံခဲ့ရ
• ၁၉၉၀ ရွေးကောက်ပွဲ၊ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလယ်ဖြစ်

၁၉၉၅ ခုနှစ်၊ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး
o ၂၀၁၀ ခုနှစ်၊ စီအီးစီ

• ၂၀၁၂ ကြားဖြတ်၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရ
o တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအတွင်းရှေးမှူး
o ၂၀၁၄ ခုနှစ်၊ ပြောရေးဆိုခွင့်ရှိသူ
• ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မဲဆန္ဒနယ်၊ ထပ်မံရွေးချယ်ခံအနိုင်ရ၊ ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်
၃ ကြိမ်တိုင်ရွေးကောက်ခံရသည့် ပြည်သူ့ကိုယ်စားလှယ် (၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅)

လွှတ်တော်တာဝန်သက်တမ်း - ပြည်ပဘဏ်များတွင် မြန်မာဘဏ်စာရင်း ၅ ခုဖြင့်အပ်နှံထားသည့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကိစ္စ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၏ ရွှေ့ပြောင်း/မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ပေးကြေညာရန်ကိစ္စများကို ဦးဆောင်ခဲ့

ဖြောင့်မတ်မှန်ကန်မျှတသော တရားစီရင်ရေးဖြစ်ထွန်းစေရန်၊ တရားသူကြီး-အမှုသည်များနှင့် သက်သေများ ကျမ်းသစ္စာကျိန်ဆိုရန်၊ လယ်မြေ/အခြားမြေ သိမ်းဆည်းခံရခြင်းကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် ပြည်ထောင်စုအစိုးရမှ အချိန်ဇယားထုတ်ပြန်ပြီး အရေးယူဆောင်ရွက်ပေးရန်တို့ကို တက်တက်ကြွကြွဆောင်ရွက်ခဲ့
.
ပြည်သူ့ဆန္ဒနှင့်အညီဆောင်ရွက်ရေး လွှတ်တော်ကိုယ်စားလှယ်အားလုံးကို လွှတ်တော်အစည်းအဝေးများတွင် ပဲ့ပြင်ဆုံးမရာ၌ သြဇာကြီးမားသူဖြစ်
ရွေးကောက်ပွဲကတိက၀တ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးများကိုလည်း တတ်စွမ်းသမျှ အကောင်အထည်ဖော်ခဲ့

၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်၊ ပြည်သူ့လွှတ်တော်ဥက္ကဌတာဝန်မှ နုတ်ထွက်

မျိုးရန်​​နောင်​သိမ်း

No comments:

Post a Comment