Latest News

Monday, March 12, 2018

၂၀၁၇ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် နော်ဆဲဆဲ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ


၂၀၁၇ ခုနှစ်၊ ပဒိုမန်းရှာလားဖန်းလူငယ်ခေါင်းဆောင်ဆုကို ဘန်ကောက်အခြေစိုက် OKRSO မှ
စောအဲသိုနှင့်အတူ ပူးတွဲရရှိခဲ့သော နော်ဆဲဆဲသည်အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးသို့
ယမန်နေ့က ရောက်ရှိခဲ့သည်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၌ (၁၀)နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော နော်ဆဲဆဲသည်
အမျိုးသားရေးနှင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်အားကြိုးမာန်တက် လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး
တစ်ပတ်ကြာမြင့်မည့် CSW Conference တစ်ခုအတွက် New York City သို့ ရောက်ရှိလာခဲ့ခြင်း
ဖြစ်သည်။

လာမည့် သောကြာနေ့တွင် နယူးယောက်စီးတီးမှနေ၍Utica နှင့် Albany မြို့သို့ လူငယ်များနှင့်
လာရောက်တွေ့ဆုံမည်ဖြစ်သည်။

" ကျမဖြစ်နိုင်ရင် ကရင်လူငယ်တွေနဲ့ အလွတ်သဘောပဲဖြစ်ဖြစ် တွေ့ဆုံပြီး တိုက်တွန်းချက်တွေ ပေးချင်ပါတယ်၊လူငယ်တွေဆိုပေမဲ့ လူကြီးတွေလည်း ရောက်တုန်းရောက်ခိုက် ဆုံချင်ပါတယ်"ဟု နော်ဆဲဆဲက အားတက်သရော ဆိုခဲ့သည်။

Saw Da Da Bu

No comments:

Post a Comment