Latest News

Monday, March 12, 2018

ပြည်သူတွေကိုဥပဒေရေးရာကိစ္စတွေကူညီရန် မြန်မာနိုင်ငံဥပဒေဘွဲ့ရအသင်းကြီးဖွဲ့စည်းမည်



ပုသိမ် မတ်လ၁၂ရက်

မြန်မာနိုင်ငံဥပဒေဘွဲ့ရအသင်းကြီးသည် ပြည်သူတွေကို ဥပဒေရေးရာကိစ္စတွေကူညီရန်အတွက် မြန်မာနိုင်ငံဥပဒေဘွဲံရအသင်းကြီးဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဥပဒေဘွဲ့ရအသင်း၏ဥက္ကဋ္ဌ ဦးဘတင့်ရွှေထံမှသိရသည်

ဧရာဝတီတိုင်းအနေနဲ့ ပုသိမ်တွင် ၎င်းအသင်းဖွဲ့စည်းဖို့အတွက် စည်းရုံးရေးကာလအနေနဲ့ဧရာဝတီတိုင်းဒေသကြီးဥပဒေချူပ်ရုံးတွင် ဖေဖေါ်ဝါရီ၂၅ရက်နေ့ကစတင်ခဲ့ကြောင်းသတင်းရ ရှိသည်

ဧရာတိုင်းဥပဒေချူပ် မြန်မာနိုင်ငံဥပဒေဘွဲ့ရအသင်း၏အလုပ်အမူဆောင်အဖွဲ့ဝင်များ ဧရာတိုင်းအတွင်းဥပဒေဘွဲ့ရသူများ နှင့်ဧရာတိုင်းလွှတ်တော်ပြည်သူတို့ရဲ့အတိုင်ကြားစာနဲအြသနားခံစာများကော်မတီဥက္ကဌ မြောင်းမြလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦးတို့သည် ၎င်းအသင်းနှင့်ပက်သက်သည့်လုပ်ဆောင်ချက်နှင့်ရည်ရွယ်ချက်များကို ယင်းနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်

ဧရာဝတီတိုင်းအနေနဲ့ တစ်ခြားတိုင်းနည်းတူ စည်းရုံးရေးတာဝန်ခံ ၈ ဦးခန့်အပ်ထားခဲ့ပြီး တိုင်းအဆင့်ဗဟိုညီလာခံဖြစ်မြောက်သည့်အထိကြိုးစားဆောင်ရွက်သွားဖို့ပြင်ဆင်နေကြောင်းမြန်မာနိုင်ငံဥပဒေဘွဲ့ရအသင်း၏ဥက္ကဋ္ဌ ဦးဘတင့်ရွှေထံမှသိရသည်

"ဒီအဖွဲ့ကတစ်နိုင်ငံလုံးနဲ့ဆိုင်တာ မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ ဥပဒေဘွဲ့ရတွေနဲ့ပက်သက်တဲ့ဖွဲ့စည်းတဲ့အသင်းကြီးတစ်သင်းဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့တိုင်းဒေသကြီး၁၄ခုလုံးမှာ စည်းရုံးရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက် လုပ်ကိုင်နေတာဖြစ်ပါတယ်  ရန်ကုန်မှာတော့ ဖွဲ့စည်းနေပြီ တခြားတိုင်းတွေအနေနဲ့ဖွဲ့စည်းဖို့အတွက် စည်းရုံးရေးတွေလုပ်နေတာပါ ဧရာတိုင်းအတွက်က ပုသိမ်ကိုပထမဆုံးလာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်"ဟုမြန်မာနိုင်ငံဥပဒေဘွဲ့ရအသင်း၏ဥက္ကဋ္ဌဦးဘတင့်ရွှေကတိုင်းရောကိုပြောသည်

၎င်းအသင်းကြီးဖွဲ့စည်းအောင်မြင်သွားရင် ပြည်သူတွေအနေနဲ့ တရားဥပဒေနဲ့အညီ လှူမူရေး စီးပွားရေး လုပ်ငန်းတွေ  ပိုမိုလုပ်ဆောင်နိုင်မှာဖြစ်ပြီးလွှတ်လွှတ်လပ်လပ်ထိထိရောက်ရောက်လုပ်ကိုင်ဆောင်ရွက်နိုင်မည့်အနေအထားတွေ ဖြစ်လာမည်ဟု ၎င်းကဆက်လက်ပြောကြားသည်

"ဥပဒေသမားတွေများလာရင် ပိုပြီးတိုးတက်ကောင်းမွန်မဲ့ဥပဒေတွေဖြစ်လာမယ် ကျွန်တော်တို့ ဒါတွေကိုအကောင်အထည်ဖော်တဲ့နေရာမှာ ဒီပုဂ္ဂိုလ်များသည် လိုအပ်လာရင်ဝိုင်းဝန်းကူညီဆောင်ရွက်လာမယ် တရားစီရင်ရေးနယ်ပယ်မှာ ပြည်သူတွေအနေနဲ့ ဥပဒေကိုနားမလည်လို့ မရုန်းထွက်နိုင်တဲ့အခက်အခဲဖြစ်နေတာတွေကို ဒီအဖွဲ့ဝင်တွေက ကူညီပေးမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ တိုးတက်တဲ့ တရားစီရင်ရေးတစ်ခု ဖြစ်လာမယ် "ဟု ဧရာတိုင်း လွှတ်တော်ပြုရေးကော်မတီဥက္ကဋ္ဌဦးခင်ဝင်းကတိုင်းဧရာကိုပြောသည်

တိုင်းပြည်တစ်ခုရဲ့အုပ်ချူပ်ရေး မှာလည်းအရေးကြီးသည့် တရားဥပဒေစိုးမိုးရေးအတွက် ၎င်းရှေ့နေ အသင်းအဖွဲ့တွေက ဝိုင်းဝန်ကူညီဆောက်ရွက် ကမည်ဟု ၎င်းက ဆက်လက်သုံးသပ်ပြောဆိုသည်

ဥပဒေရေးရာ ကိစ္စများတွင်တက်စွမ်းသမျှ ကူညီဆောင်ရွက်အကြံပေးခြင်း ဆွေးနွေးခြင်း ပူးပေါင်းအကောင်အထည်ဖော်ခြင်း လှူမူရေးကိစ္စများကိုကူညီဆောင်ရွက်ပေးခြင်း တရားမျှတမူသာတူညီမျှမူ ကောင်းမြတ်သော သဘောထားကို အခြေခံ၍ဥပဒေအနှစ်သာရ များကို ကာကွယ်စောက်ရှောက်ပေးခြင်းဖြစ်ကြောင်း ယင်းအသင်း၏ရည်ရွယ်ချက်တွင်ပါရှိသည်

လက်ရှိတွင် တောင်ကြီး ရှမ်းပြည် ပဲခူးတိုင်း နှင့်မွန်ပြည်နယ်များကိုစည်းရုံးရေးများလုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတိုင်းနှင့်ပြည်နယ်(၁၄)ခုလုံးကို သွားရောက်ရန်အတွက်ကြိုးစားပြင်လျက်ရှိကြောင်း ကိုယ်ပိုင်အုပ်ချူပ်တဲ့ဒေသ များတွင်လည်းဥပဒေရေးရာတစ်နိုင်ငံလုံးပြန့်နှံရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရ ရှိသည်

သတင်းထောက် ရွှေရည်ဝင်း
ပိုတို ရွှေရည်ဝင်း

No comments:

Post a Comment