Latest News

Tuesday, March 20, 2018

အဆိုတော် မနော၏ဘ၀ကိုပြန်လည်ရိုက်ကူးထားသော ''ကမောက်ကမ သမီးယောက်မ ''

အဆိုတော် မနော၏ဘ၀ကိုပြန်လည်ရိုက်ကူးထားသော ''ကမောက်ကမ သမီးယောက်မ ''

တေးသံရှင် မနော၏  ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးကို   ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က   ပြင်ဦးလွင်မြို့တွင် စတင်ရိုက်ကူး လျက်ရှိသည်။ သရုပ်ဆောင် ပြေတီဦး၊ မနော၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်၊ ဖြူဖြူထွေးနှင့် ဝါရင့်ဟာသ သရုပ်ဆောင်များ ပါဝင်ကြောင်း သိရသည်။

''ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့    မောင်လှယ်နှမလှယ်ယူထားတဲ့   သမီး ယောက်မအကြောင်းကို ဟာသပုံစံရိုက်ကူးမယ့် အချစ်ဟာသ ဇာတ်ကားကြီးဖြစ်ပါတယ်။ ကာရိုက်တာအနေနဲ့ကတော့ လူအေးလူရိုး အခန်းကပေါ့နော်၊ နာမည်ကတော့ ကိုအေးဆေးတဲ့၊ ဟာသပေါ့၊ အခက်အခဲကတော့   ဒိုင်ယာလော့ခ်တွေကို   အလွတ်ကျက်ပြီး   ပြောရတာ   အဆင်မပြေဘူး၊   ပြီးတော့အရှေ့မှာလည်း ပွဲတွေကရှိတော့ ဒါတွေကို ကြိုမကျက်နိုင်ခဲ့ဘူး၊ ရိုက်ကွင်းပေါ် ရောက်မှဆိုတော့ ပရော်ဖက်ရှင်နယ်တွေလိုတော့ အဆင်သင့် မဖြစ်ဘူး၊ ဒါကို အားလုံးက လက်တွဲခေါ်ကြပါတယ်၊ ဒီအတွက် အဆင်ပြေပေမယ့် ကိုယ့်ကိုယ်ကိုယ် အားမရဘူး၊ သူများကိုလည်း အားနာတယ်၊ ဏနမ်နခအ တော့ မဖြစ်ဖူးပေါ့လေ၊ ဒါပေမယ့် ကိုယ့်လိုင်းမဟုတ်တဲ့အတွက်၊    အကောင်းဆုံးကြိုးစားထားပါတယ်၊   ကိုယ့်အတွက်ပထမဆုံးလည်း  ဖြစ်တော့  နည်းနည်းတော့ စိုးရိမ်မိတာအမှန်ပါပဲ၊ ဒါပေမယ့် ဒါရိုက်တာကလည်း ကျွန်တော့်ကို လိုအပ်တဲ့ အမူအရာပိုင်းကအစ အကောင်းဆုံး သင်ကြားပေးပါတယ်၊ ကျွန်တော်ဒီကားမှာ ပါဝင်ဖြစ်တာကလည်း ကျွန်တော်က ကိုယ်မလုပ်ဖူးသေးတဲ့  အရာလေးဖြစ်တော့ ပညာရချင်တဲ့ သဘောဆိုလည်း မမှားပါဘူး၊ ဒီအတွက် ပရိသတ်ဘက်က ဝေဖန်မှုလေးတွေကို ကြိုဆိုပါတယ်၊ လိုအပ်တာ တွေရှိရင်လည်း လမ်းòန်ပေးကြပါလို့ ပြောချင်ပါတယ်''ဟု  မနောက ပြော သည်။

ပရိသတ်များ အားပေးကြည့်ရှုစေလိုပြီး သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ရန်အတွက် သိထားသည့် ခက်ခဲမှုများ ထက် ပိုမိုခက်ခဲနေကြောင်း မနောက ဝန်ခံထားသည်။ လက်တွဲခေါ်ယူပေးခဲ့ကြသည့် ဝါရင့်သရုပ်ဆောင်များဖြစ်သော ပြေတီဦး၊ ခင်လှိုင်၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်နှင့် ဒါရိုက်တာ ကိုဇော်တို့အား အထူးပင်ကျေးဇူးတင်ကြောင်း မနောက ပြောကြား သည်။

''ကျွန်တော့်ဘဝအကြောင်းကို ရုပ်ရှင်ဇာတ်ကားအဖြစ်ရိုက်ချင်တာရယ်၊ နောက်ထွက်မယ့်စီးရီးတစ်ခွေလုံးအတွက် ဇာတ်လမ်းထဲ သီချင်းတွေနဲ့အပြီး ထည့်သွင်းပုံဖော်နိုင်ဖို့အတွက် အထူးလေ့လာအတွေ့အကြုံယူရင်း ပညာသင်ခွင့်ရတယ်လို့ ခံယူပြီး ရိုက်ဖြစ်ခဲ့ခြင်းပါ။ အားလုံးနားလည်ခွင့်လွှတ်နိုင်ပါစေခင်ဗျာ''ဟု တေးသံရှင် မနောက ပြောသည်။      

ကိုလင်း

             

No comments:

Post a Comment