Latest News

Tuesday, March 20, 2018

ရေနုတ်မြောင်းတူးရာမှ အရှည် ၁ဝ လက်မခန့်ရှိ ကျည်ဆန်ဟောင်းတွေ့ရှိ

ရေနုတ်မြောင်းတူးရာမှ အရှည် ၁ဝ လက်မခန့်ရှိ
ကျည်ဆန်ဟောင်းတွေ့ရှိ


မြစ်ကြီးနား မတ် ၂ဝ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးရှေ့၌ ရေနုတ်မြောင်းတူးဖော်ရာမှ အရှည် ၁ဝ လက်မခန့်ရှိ နှစ်ချို့ကျည်ဆန် ဟောင်းတစ်တောင့် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လမ်းတံတားအထူး အဖွဲ့(၁)မှ မြေတူးဘက်ဟိုးယာဉ်မောင်း ဦးအောင်ကျော်မြင့် (၄၃) နှစ် မောင်းနှင်သည့် ဘက်ဟိုးယာဉ်သည် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် ဆွမ်ပရာဘွမ်လမ်းမကြီးရှိ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးရှေ့၌ ရေနုတ်မြောင်းတူးဖော်နေစဉ် အရှည် ၁ဝ လက်မ အချင်း နှစ်လက်မခန့် ရှိ ကျည်ဆန်ဟောင်းတစ်တောင့်အား တွေ့ရှိခဲ့၍ လမ်းတံတားအထူး အဖွဲ့(၁)အင်ဂျင်နီယာ ဦးထက်အောင် ထံ သတင်းပို့ဆက်သွယ်ကာ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များသို့ စနစ်တကျ အပ်နှံပေးခဲ့ကြောင်း သိရ သည်။

ဝင်းနိုင် (ကချင်မြေ)

No comments:

Post a Comment