Latest News

Wednesday, March 21, 2018

လင်းမယားချင်းစကားများကြရာမှဇနီးဖြစ်သူမှ ခင်ပွန်းဖြစ်သူအား ရိုက်နှက်၍သေဆုံး

လင်းမယားချင်းစကားများကြရာမှဇနီးဖြစ်သူမှ  ခင်ပွန်းဖြစ်သူအား
ရိုက်နှက်၍သေဆုံး

ရန်ကုန်၊ မတ် ၂၁

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လင်းမယားချင်းစကားများကြရာမှ
ဇနီးဖြစ်သူမှ ခင်ပွန်းဖြစ်သူအား ရိုက်နှက်၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၁ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ်
အမှတ်(၅၄)ရပ်ကွက်၊ လှော်ကားလမ်းပေါ်တွင် အမျိုးသားတစ်ဦးနှင့်
အမျိုးသမီး တစ်ဦးတို့ ခိုက်ရန်ဖြစ်ပွားနေကြောင်း သတင်းအရ သွားရောက်စုံစမ်းခဲ့ရာ အဆိုပါလမ်းပေါ်တွင် စိုးသူအောင် (ခ)ကုလားကြီ်း (၃၅)နှစ်မှာ လဲကျသေဆုံးနေပြီး ဘေးတွင် ၎င်း၏ဇနီးဖြစ်သူ မခင်မျိုးကြည်(ခ) မခင်နှင်းအိအိပို (၃၂)နှစ်အား တွေ့ရှိမေးမြန်းရာ  မခင်မျိုးကြည်(ခ) မခင်နှင်းအိအိပို မှ နေအိမ်သို့ပြန်လာစဉ် ခင်ပွန်းဖြစ်သူအား နေအိမ်ရှေ့လမ်းပေါ်တွင် တွေ့ဆုံခဲ့ပြီး မခင်မျိုးကြည်(ခ) မခင်နှင်းအိအိပို အရက်သောက် လာသည့် ကိစ္စနှင့်ပတ်သက်၍  စကားများကြရာမှ ခင်ပွန်းဖြစ်သူက ၎င်းအား လက်ဖြင့်ရိုက်ခဲ့သောကြောင့် ခင်ပွန်းဖြစ်သူ၏ ရင်ဘက်ကိုဆောင့်တွန်း၍  လဲကျသွားစဉ် ရင်ဘက်ပေါ်တက်ခွပြီး ချည်လွယ်အိတ်ကြိုးဖြင့် လည်ပင်းအား ရစ်ပတ်ကာ  ကတ္တရာလမ်းဖြင့်ဆောင့်ခဲ့သောကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ပြစ်မှုကျူးလွန်သူ မခင်မျိုးကြည်(ခ) မခင်နှင်းအိအိပို အား ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့မရဲစခန်း(ပ) ၆၃၃/၂၀၁၈  ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Yangon Police

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post