Latest News

Saturday, March 17, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်    မတ်    ၁၆

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်မှ ၁၂ နာရီ ၅၅ မိနစ်အထိ မြန်မာနိုင်ငံဘက်ခြမ်း မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချစ်ကြည်ရေး (တောင်ပြို-ဝဲ ဝင်/ထွက်) တံတားနယ်စပ်မှတ်တိုင် ၃၁/ ၁ အနီးရှိ ရှင်းလင်းဆောင်၌  ကျင်းပသည်။

သတင်းညှိနှိုင်းဖလှယ်နိုင်ရေး ဆွေးနွေး
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့လှုပ်ရှားမှုနှင့် ပတ်သက်သောကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် (၅၅/၅၆) အကြား ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်း၌ မြန်မာနိုင်ငံဘက်မှ  မြိုတိုင်းရင်းသားတစ်ဦး မိုင်းထိဒဏ်ရာရမှုဖြစ်စဉ် အပါအဝင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်များ၊ နယ်နိမိတ်မျဉ်းအနီး နေထိုင်သူများနှင့် ပတ်သက်သော ကိစ္စရပ်များ၊ မြန်မာနိုင်ငံပိုင်နက်အတွင်းသို့  လှေပျက်၍ မျောပါလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦး ပြန်လည်လွှဲပြောင်း ပေးအပ်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံညှိနှိုင်း၍  လှည့်ကင်းဆောင်ရွက်မည့် အစီအမံများကို  အချိန်နှင့်တစ်ပြေးညီ သတင်းညှိနှိုင်း ဖလှယ်နိုင်ရေးတို့အား   ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။
သတင်းစဉ်

No comments:

Post a Comment