Latest News

Saturday, March 17, 2018

အရှိန်မထိန်းနိုင်သည့်ယာဉ်က တစ်ဖက်ယာဉ်ကြောမှ ယာဉ်အားတိုက်မိသဖြင့် သုံးဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

အရှိန်မထိန်းနိုင်သည့်ယာဉ်က တစ်ဖက်ယာဉ်ကြောမှ ယာဉ်အားတိုက်မိသဖြင့် သုံးဦးသေဆုံး၊  ၁၂ ဦး ဒဏ်ရာရ

နေပြည်တော်   မတ်   ၁၆

သံဖြူဇရပ်မြို့နယ် ဝယ်ဝင်္ကရာကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်း မိုင်တိုင်အမှတ် ၄၅/၅-၆ ကြား၌ မတ် ၁၅ ရက် နံနက် ၇ နာရီခွဲက ယာဉ်တိုက်မှုဖြစ်၍ သုံးဦးသေဆုံး သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ  မတ် ၁၅ ရက် နံနက်ပိုင်းက လမိုင်းမြို့မှ ကျိုက်မရောမြို့ရှိ ရှင်ပြုအလှူ သို့ ထွက်ခွာလာသော လမိုင်းမြို့ -၂ ရပ်ကွက်နေ ဦးဟဒိ(၅ဝ နှစ် ) မောင်းနှင်လာသည့် 1N/---- Nissan Pickup ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ၍ သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက်နေ ဦးသိန်းဝင်း(ခ)အဘိုင်(၅၄နှစ်) မောင်းနှင်လာသည့် 9X/---- ထော်လာဂျီယာဉ်အား ဝင်ရောက်တိုက်မိ၍ တိမ်းမှောက် ခဲ့သည်။

 ဖြစ်စဉ်ကြောင့်   Nissan Pickup ယာဉ်မှ ယာဉ်မောင်း ဦးဟဒိ ပါ သုံးဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး လမိုင်းမြို့    ၃ ရပ်ကွက်နေ ဦးမောင်ရှိ(၄၆ နှစ်)ပါ ကိုးဦးနှင့် ထော်လာဂျီ ယာဉ်မောင်း ဦးသိန်းဝင်း (ခ)အဘိုင်ပါ သုံးဦးတို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဦးဟဒိအား သံဖြူဇရပ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ကိုရဲ

No comments:

Post a Comment