Latest News

Saturday, March 17, 2018

မောင်တောမြို့၌ သွားလာမှုအဆင်ပြေစေရေးအတွက် သုံးဘီးဆိုင်ကယ် အစီးရေ ၄၃ဝ ခန့်ထိများပြားလာ

မောင်တောမြို့၌ သွားလာမှုအဆင်ပြေစေရေးအတွက် သုံးဘီးဆိုင်ကယ် အစီးရေ ၄၃ဝ ခန့်ထိများပြားလာ

အကြမ်းဖက်မှုဖြစ်စဉ်များ    ဖြစ်ပွားပြီး နောက်ပိုင်း  မောင်တောမြို့သို့   မ္တလေး ဘက်မှ    ဝင်ရောက်လာသော    သုံးဘီး ဆိုင်ကယ်အစီးရေသည်   ၂ဝ  ဝန်းကျင်ခန့် သာရှိခဲ့သော်လည်း    လက်ရှိအချိန်တွင် အစီးရေ ၄၃ဝ ခန့်အထိ   များပြားလာကာ ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်     အသုံးပြုမှုများလာ ခြင်းကြောင့်  ပိုမိုအဆင်ပြေလာကြောင်း သိရသည်။

'' သုံးဘီးမောင်းတာ   ခြောက်လ လောက်ရှိပါပြီ၊   အငှားမောင်းတာပါ၊ တစ်နေ့ကို   အုံနာကြေး  ငွေကျပ် ၁၂ဝဝဝ ပေးပြီး ကိုယ့်အတွက်  ငွေကျပ်  ၁ဝဝဝဝ  ဝန်းကျင်လောက်တော့  ကျန်ပါတယ်၊ ပုံမှန်မရှိပါဘူး၊     မောင်တောမြို့တွင်း  သွားရလာရတာ အဆင်ပြေတော့ ခရီး သည်တွေ  အစီးများပါတယ်၊ သွားရလာရ တာလည်း  အဆင်ပြေတယ်လို့   ပြောကြ တယ်၊ တချို့ဆို  ဖုန်းနဲ့ဆက်ပြီးတော့ ခေါ်တာတွေ    ရှိတယ်၊    ပုံမှန်တစ်စီးကို လေးယောက်ပဲတင်တယ်၊     လူများရင် တော့     ခြောက်ယောက်တင်တယ်၊  မောင်တောမြို့တွင်းဆိုရင်    တစ်ဦးကို ငွေကျပ်    ၅ဝဝ $၊   မြို့ပြင်သုံးမိုင်၊ လေးမိုင် တို့သွားရင်ငွေကျပ် ၁ဝဝဝ $တောင်းပါ တယ်၊ ကုန်ပစ္စည်းတွေပါရင်တော့ ပစ္စည်း ဖိုးမယူပါဘူး၊ သုံးဘီးဆိုင်ကယ် မောင်းတဲ့ သူအများစုဟာ  အငှားမောင်းတဲ့သူတွေ များပါတယ်၊ ကိုယ်ပိုင်ဆိုရင်တော့ ဆွဲရ တာပိုအဆင်ပြေမယ်၊ အုံနာကြေးပေးစရာ   မလိုတော့  ရတဲ့ပိုက်ဆံက   ကိုယ့်အတွက် ချည်းပဲပေါ့၊ အရင်က  သုံးဘီးနည်းတုန်း ကဆို   တစ်နေ့ကို   ငွေ$ကျပ်  ၇ဝဝဝဝ၊ ၈ဝဝဝဝ ဝန်းကျင်လောက်ရတယ်၊  အခု နောက်ပိုင်း  စီးရေများလာတော့ ဝင်ငွေ တော့နည်းသွားတယ်၊ ဒါပေမယ့်  အဆင် ပြေပါတယ်''ဟု  သုံးဘီးဆိုင်ကယ်အငှား မောင်းနှင်သူ  မောင်ဝိုင်းက ပြောသည်။

မောင်တောဒေသ၌     ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက်  ၆  နာရီ အထိ   သတ်မှတ်ထားမှုကြောင့် သုံးဘီး  ဆိုင်ကယ်   မောင်းနှင်သူများသည် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ   မောင်း နှင်နေကြပြီး         ယခုအချိန်အခါတွင် မောင်တောဒေသ၌  ခရီးသွားလာသူများ၊ ဈေးရောင်းဈေးဝယ်များ၊  အလုပ်သမား များဖြင့်   စည်ကားနေကာ    သုံးဘီးဆိုင် ကယ်မောင်းနှင်သူများ အဆင်ပြေနေကြ သောကြောင့် သုံးဘီးဆိုင်ကယ်အစီးရေ သည် များပြားလာကြောင်း သိရသည်။

'' အခုနောက်ပိုင်း   မောင်တောမှာ သုံးဘီးဆိုင်ကယ် အစီးရေတွေ   များပြား လာတော့ ခရီးသွားတဲ့သူတွေ စီးရတာ အဆင်ပြေလာပါတယ်၊       အရင်က ဆိုင်ကယ်၊    ဆိုက်ကားနဲ့    သွားရင် နေကလည်းပူ၊   သုံးဘီးဆိုင်ကယ်အစီး ရေကနည်းတော့  စောင့်ရတာ အချိန် ကြာသလို ဈေးနှုန်းကလည်း ပိုပေးရတာ တွေရှိတဲ့အတွက် ခရီးသွားသူတွေအတွက် သိပ်အဆင်မပြေဘူး၊ အခုချိန်မှာတော့ အစီးရေကလည်း      များလာတယ်၊ ဈေးနှုန်းကလည်း   ပုံမှန်ဖြစ်လာသလို အချိန်စောင့်ရမှုတွေလည်း သက်သာ သွားပါတယ်၊  ပစ္စည်းအထုပ်အပိုးတွေ များရင် သယ်ယူရတာတော့ သိပ်အဆင် မပြေဘူး၊ ဒါကြောင့်    ကုန်ပစ္စည်းတွေ အလွန်များနေရင်     လိုင်းကားတွေနဲ့ပဲ သယ်ယူရပါတယ်၊      ပစ္စည်းနည်းနည်းနဲ့ လူပဲလိုက်မယ်ဆိုရင်တော့ အဆင်ပြေပါ တယ်''ဟု မောင်တောမြို့နေ   ဈေးသည် တစ်ဦးက ပြောသည်။

မောင်တောဒေသ၌    ရောက်ရှိနေ သော သုံးဘီးဆိုင်ကယ်များသည်  အိန္ဒိယ နိုင်ငံထုတ်  သုံးဘီးဆိုင်ကယ်များဖြစ်ပြီး မ္တလေးမြို့မှတစ်ဆင့်   ရောင်းချပေးနေ ခြင်းဖြစ်ကာ ဈေးနှုန်းအားဖြင့် ငွေ$ကျပ် ၄၂ သိန်းရှိပြီး   ယင်းသုံးဘီးဆိုင်ကယ်များ ကို မောင်တောဒေသမှ  ယာယီလိုင်စင် များ      ထုတ်ပေးထားခြင်းဖြစ်ကြောင်း    သိရသည်။
သတင်းနှင့်ဓာတ်ပုံကျော်သူဝင်း၊ အေးမင်းသူ

No comments:

Post a Comment