Latest News

Saturday, March 3, 2018

အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀ ကုန်ကျခံကာ ကမ်းလွန်ကုန်ထောက်စခန်း ကိုငရုတ်ကောင်းမြို့နယ်တွင်တည်ဆောက်မည်

အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀ ကုန်ကျခံကာ ကမ်းလွန်ကုန်ထောက်စခန်း ကိုငရုတ်ကောင်းမြို့နယ်တွင်တည်ဆောက်မည်

မြန်မာနိုင်ငံအတွင်းအတွင်းရှိ ပင်လယ်ရေပိုင်နက်တွင်တူးဖော်လျက်ရှိသော ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များအတွက် လိုအက်သောကုန်ပစ္စည်းများအားထောက်ပံ့ပေးနိုင်သည့် ကုန်ထောက်စခန်းအား ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့နယ် နံ့သာဖူးကျေးရွာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သတင်းရရှိခဲ့သည်။

"ကုန်ထောက်စခန်းဆိုတာက မြန်မာနိုင်ငံပင်လယ်ရေပိုင်နက်အတွင်း တူးဖော်နေတဲ့ကမ်းလွန်ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ အသုံးပြုနေတဲ့စက်ပစ္စည်းတွေ စားသောက်ကုန်ပစ္စည်းတွေကိုထောက်ပံ့တဲ့စခန်းပာ မြန်မာနိုင်ငံမှာတော့အရင်တုန်းက ဒီလိုမျိုးထောက်ပံ့ရေးစခန်းမရှိတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်တဲ့ ကုမ္ပဏီတွေကသူတို့လိုအပ်တဲ့ပစ္စည်းတွေရဖို့ ထိုင်း ၊ စင်္ကာပူနိုင်ငံတို့နဲ့ချိပ်ဆက်ဆောင်ရွက်ပါတယ် ဒီစခန်းပြီးသွားရင်တော့ မြန်မာနိုင်ငံနဲ့ပဲချိပ်ဆက်ဆောင်ရွက်မှာဖြစ်တဲ့အတွက် နိုင်ငံအတွက်များစွားအကျိုးရှိမှာပါ"လမ်းပန်းဝန်ကြီးဦးဝင်းဌေးကပြောသည်။

ကမ်းလွန်ကုန်ထောက်ပံ့ရေးစခန်း A.6 (Offshore Suppy Base) အား MPRL. E&P ကုမ္ပဏီ မှ US ဒေါ်လာ ၃၀ ဘီလီယံအကုန်အကျခံကာ ငရုတ်ကောင်းမြို့နယ် နံ့သာဖူးကျေးရွာတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
ငရုတ်ကောင်းအမ်းခြေသည် ရေနက်ခြင်း ၊ သဘာဝလှိုင်းဒဏ်လေဒဏ်များကို ကာကွယ်နိုင်စွမ်းရှိခြင်း ၊ ရင်းနှီးမြုပ်နှံမှုစာရိတ်နည်းပါးခြင်းနှင့် လုပ်ကွက်များကိုအချိန်တိုအတွင်းထောက်ပံ့ပေးနိုင်ခြင်း စသည့်အချက်အလက်များနှင့်ကိုက်ညီမှုရှိသည့်အတွက် ကမ်းခြေကုန်ထောက်စခန်းတည်ဆောက်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း MPRL. E&P ကုမ္ပဏီ၏ တာဝန်ရှိသူကပြောသည်။

 အထက်ပါကမ်းခြေထောက်ပံ့ရေးစခန်း တည်ဆောက်ရန်မြေနေရာရွေးချယ်တိုင်းတာမှုများကို မြန်မာနိုင်ငံအတွင်းထားဝယ် ၊ မော်လမြိုင် ၊ သီလဝါ (သာကေတ) ၊ ငရုတ်ကောင်း နှင့် ကျောက်ဖြူ မြို့နယ်များတွင် လည်းအကောင်ထည်ဖော်နေသည်။

ထက်ဝဠာမင်း

No comments:

Post a Comment