ပုသိမ်မြို့ ကုန်သည်လမ်း ရွှေမုဌောဘုရားအနီး၌ရှောင်းမီ Xiaomi မိုဘိုင်း၏ အရောင်း
ကိုယ်စားလှယ်ဆိုင်ဖွင့်ပွဲအခမ်းအနားကို မတ်လ၂ရက်နေ့ ၁၀နာရီအချိန်က ကျင်းပခဲ့ရာ နိုင်ငံကျော် အဆိုတော်များဖြင့် ဖွင့်လှစ်ခဲ့ကြောင်းသတင်းရ ရှိသည်
နိုင်ငံကျော် အဆိုတော် များလာရောက်ဖျော်ဖြေရာတွင် နိုင်ငံကျော်တေးသံရှင်လေးဖြူကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံကျော်တေးသံရှင် လေးဖြူ ဇော်ပိုင် နီနီခင်ဇော် ဟဲလေး နှင့် Presenterအဖြစ်မောင်မောင်အေးတို့က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းပွဲတွင် ဖိတ်ကြားခံရသည့် မိတ်ဆွေဧည့်သည်တော်များနှင့်မီဒီယာများအား လက်ဆောင်ပစ္စည်းများ ပေးခဲ့ပြီး ရှောင်းမီဖုန်းဝယ်ယူအားပေးသူများကို ကျေးဇူးအထူးတင်ရှိကြောင်း Sun Mobie IT And Electronics ဆိုင်ရဲ့ Executive Diretorကိုနေလွင်ထံမှသိရသည်။
သတင်းထောက်ရွှေရည်ဝင်း
Photo_ ရွှေရည်ဝင်း အောင်အောင်
No comments:
Post a Comment