Latest News

Saturday, March 3, 2018

မြန်မာနိုင်ငံတွင် ၈ နှစ်အတွင်း တောဆင်ရိုင်းအကောင်ရေ ၁၄၀ ကျော်သတ်ဖြတ်ခံရမှုနှင် သေဆုံးမှုရှိနေ

မြန်မာနိုင်ငံတွင် ၈ နှစ်အတွင်း တောဆင်ရိုင်းအကောင်ရေ ၁၄၀ ကျော်သတ်ဖြတ်ခံရမှုနှင် သေဆုံးမှုရှိနေ

မြန်မာနိုင်ငံတွင် ၂၀၁၀ မှ ၂၀၁၇ နှစ်ထိ ၈ နှစ်အတွင်းတောဆင်ရိုင်း အကောင်ရေ ၁၄၀ ကျော် သေဆုံးမှုနှင့်သတ်ဖြတ်ခံရမှုရှိနေကြောင်း မတ် ၃ ရက်နေ့တွင် ကျရောက်သည့်ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့အထိမ်း အမှတ်အခမ်းအနားတွင်သားငှက်ထိန်းသိမ်းရေး အဖွဲ့(မြန်မာနိုင်ငံအစီ အစဉ်)မှ ဦးအောင်ကျော်ကပြောသည်။

အဆိုပါ အခမ်းအနားကိုသစ်တောဥိးစီးဌာနနှင့်သားငှက်ထိန်းသိမ်းရေး အဖွဲတို့ပူးပေါင်း၍မဟာမုနိဘုရားကြီး၊ မိုးကောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ် ခဲ့ပြီးတိရစ္ဆာန်အစိတ်အပိုင်းနှင့် ပြုလုပ်သည့် အမှတ်တရ ပစ္စည်းများ ရောင်းချခြင်း မရှိစေရန်နှင့်တောကောင်သားဟင်းလျာများ ရောင်းချခြင်း မရှိစေရေးကိုဘုရားစောင်းတန်းနှင့် အနီးပတ် ၀န်းကျင်တွင် ရောင်းချ နေသောဈေးဆိုင်များသိရှိရန်ရည်ရွယ်၍ ဂေါပကအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရသည်။

“တောရိုင်းတိရစ္ဆာန်တွေနဲ့  ကိုယ်အင်္ဂါအစိပ်အပိုင်းတွေတရားမ၀င် ရောင်းဝယ် ဖေါက်ကားမှုတွေအများအပြား ရှိနေတာတွေ့ရတယ်။ သစ်တောဦးစီးဌာနကလည်း အရေးယူမှုတွေ လုပ်နေပေမယ့်
လျော့ကျသွားတာ မရှိဘဲ အိမ်နီးခြင်းနိုင်ငံတွေကို တရားမ၀င် ရောင်းဝယ်မှုတွေရှိနေတယ်။အထူးသဖြင့် တောဆင်ရိုင်းသတ်ဖြတ်မှုတွေ ပိုများလာတယ်။။အရင်ကတော့ဆင်စွယ်ရလိုမှုနဲ့ သတ်ခဲ့ကြပေမယ့် ၂၀၁၃ နောက်ပိုင်း ဆင်စွယ်သာမကဆင်ရေခွံဈေးကွက်ရှိလာတဲ့အတွက် သတ်ဖြတ်မှုတွေ များလာတယ်”ဟူ ၄င်းကပြောသည်။
တရားမ၀င်ရောင်းဝယ်ဖေါက်ကားမှုလျှော့ချနိုင်ရေးအတွက်
မန္တလေး၊ လားရှိုးမူဆယ်၊ရွှေလီ လမ်းကြောင်းကို အဓိကထားကာ
ဆောင်ရွက်လျက်ရှိရာတွင် မန္တလေးမြိုသည် အဓိက အချက်အခြာကျသည့် နေရာဖြစ်သည့်အတွက် လူထုပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြိးပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် အဖွဲ့များအားသင်တန်းပေးခြင်း များလည်းပြုလုပ်ပေးနေကြောင်းသိရသည်။

၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ သစ်တောဦးစိးဌာန ထုတ်ပြန်ချက်များအရမြန်မာနိုင်ငံအတွင်း တောဆင်ရိုင်း အကောင်ရေ ၆၀၀၀ ကျော်ရှိရာမှယခုနောက်ပိုင်းတွင် ဆင်ကောင်ရေ ၂၀၀၀နှင့် ၃၀၀၀ အတွင်းသာရှိတော့ သဖြင့်လျော့ကျလာကြောင်းသိရသည်။
မင်းထက်အောင်(မန်ုးကိုယ်ပွား)

No comments:

Post a Comment