Latest News
Wednesday, March 14, 2018
ချင်းအမျိုး သားနေ့ ကျင်းပနိုင်ရေး အစိုးရကူညီမည်
ချင်းအမျိုး သားနေ့ ကျင်းပနိုင်ရေး အစိုးရကူညီမည်
ချင်းအမျိုးသားနေ့ ကို နှစ်စဉ် ကျင်းပနိုင်ရန် ၂၀၁၈ -၁၉ ခုနှစ်ဘဏ္ဍာနှစ်တွင်ဘက်ဂျက်ထည့်သွင်းကာ ကူညီပေးမည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ ဘဏ္ဍာ ၀န်ကြီး ဦးဌေးဝင်းက မတ်လ(၁၄) ရက်နေ့ က လွတ်တော်တွင်ပြောသည်။
ဒေါက်တာထိန်ဝင်းကျောင်းကုန်း(၁)၏ နှစ်စဉ် ကျင်းပနေသည့် ချင်းအမျိုးသားနေ့  အခမ်းအနား အသုံးစာရီတ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့  နှစ်စဉ်ဘဏ္ဍာ ရေးနှစ် အသုံးစာရီတ် ဘက်ဂျက်များထည့် သွင်းကာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ သော မေးခွန်းနှင့် ဆပ်စပ်ပြောဆိုခဲ့ ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းရင်းသားလူမျိုးအစုံနေထိုင်လျှက် ရှိပြီး ချင်လူမျိုးများမှာ စတုတ္ထလူဦးရေအများဆုံးဖြစ်ပြီးလူဦးရေ (၂)သောင်းကျော်ခန့် ရှိသည်။မြန်အောင် ကြံခင်း ငပုတောနှင့် ပုသိမ်ဒေသများတွင် အများဆုံးနေထိုင်ကြသည်။
ယင်းကဲ့ သို့ အစိုးရ ၏ ပံ့ ပိုးကူညီပေးမည့် အစီအစဉ်အပေါ် ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သည့် ကိုဆလိုင်းသန့် စက်က “အထူးဝမ်းမြောက်တယ် အစိုးရက အသီအမှတ်ပြုသလိုလည်းခံစားမိလို့ ကျေနပ်တယ် သည်လို တိုင်းရင်းသားရေးရာကိစ္စရပ်ကို အလေးထားတာဟာနိုင်ငံတော်က သွားချင်တဲ့ စည်းလုံးညီညွတ်မှုနှဲ့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကိုလည်း ဦးတည်တာပါပဲ “ဟု ပြောသည်။
ဖေဖော်ဝါရီလ (၂၀)ရက်နေ့ သည့် ချင်းအမျိုးသားနေ့ ဖြစ်ပြီး ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလတွင် နှစ်ခုနစ်ဆယ်မြောက်နေ့ ချင်းအမျိုးသားနေ့ အဖြစ် တိုင်းဒေသကြီးအဆင့် ပုသိမ်မြို့ တွင်  ချင်းအမျိုးသားများဦးဆောင်ကာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တိုင်းအစိုးရ လွတ်တော် အလှူရှင်များ စုပေါင်းငွေကျပ် သိန်း(၁၀၀)ခန့် ကုန်ကျခံကာပထဆုံးဆောင်ရွက်ထားသည်။
ဇွဲထက်ဥာဏ်
No comments:
Post a Comment