Latest News

Wednesday, March 14, 2018

ချဲ ထီ ဖဲ ဂျင် တစ်လုံး နှစ်လုံး သုံးလုံးစတဲ့ လောင်းကစားမှုတွေ ဖမ်းဆီးရရှိမှုမြင့်တက်

ချဲ ထီ ဖဲ ဂျင် တစ်လုံး နှစ်လုံး သုံးလုံးစတဲ့ လောင်းကစားမှုတွေ ဖမ်းဆီးရရှိမှုမြင့်တက်

ဧရာဝတိတိုင်းဒေသကြီးတွင် ချဲ ထီ ဖဲ ဂျင် တစ်လုံး နှစ်လုံး သုံးလုံးအစရှိသည့် လောင်းကစားမှုများဖမ်းဆီးရရှိမှုမှာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာသည်။၂၀၁၅ ခုနှစ်တွင် လောင်းကစားမှုပေါင်း ၁၇၂ ခု တရားခံ ၄၂၂ ယောက် လောင်းကြေးငွေ ၁၂၂၀၀၄၄၅ကျပ် ဖမ်းဆီးရရှိမှု ဆိုင်ကယ် ၁၅ စီး တယ်လီဖုန်း ၇၇ လုံး စက်ဘီး (၁)စီး ကွန်ပျူတာ (၁)လုံး ဖမ်းဆီးရရှိခဲ့ သည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က မတ် လ(၁၄)ရက်နေ့ က ပြုလုပ်သောလွတ်တော်တွင်ပြောသည်။

၂၀၁၆ ခုနှစ်တွင် လောင်းကစားမှုပေါင်း ၂၇၄ မှု တရားခံ ၅၅၀ယောက် လောင်းကြေးငွေ ၁၉၉၁၄၃၅၀ကျပ် ဖမ်းဆီးရရှိမှု ဆိုင်ကယ် ၁၈ စီး တယ်လီဖုန်း ၉၂ လုံး စက်ဘီး ၂စီးကို ရဲတပ်ဖွဲ့ ကဖမ်းဆီးထားသည်။

၂၀၁၇ ခုနှစ်တွင် ဖမ်းဆီးရရှိမှု လောင်းကစားမှုပေါင်း ၂၈၉ မှု တရားခံ ၆၄၉ ယောက် လောင်းကြေးငွေ ၂၆၄ ၇၉၀၄၇ ကျပ် ဖမ်းဆီးရရှိမှု ဆိုင်ကယ် ၂၆ စီး တယ်လီဖုန်း ၁၁၉ လုံး စက်ဘီး ၄ စီး ကွန်ပျူတာ ၆ လုံး ဖမ်းဆီးနိုင်ခဲ့ သည်ဟု ဗိုလ်မှူးကြီးကျော်စွာလှိုင်ကဆိုသည်။
၂၀၁၈ခုနှစ် ဖေဖော်ဝါရီလအထိ ဖမ်းဆီးရရှိမှုမှာ လောင်းကစားမှုပေါင်း ၄၅ ခု တရားခံ ၁၁၇ ယောက် လောင်းကြေးငွေ ၂၇၃၉၃၅၀ ကျပ် ဖမ်းဆီးရရှိမှု ဆိုင်ကယ် ၃၃စီး တယ်လီဖုန်း ၁၂ လုံး စက်ဘီး(၂)စီးတို့ အား ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ သည်။

အဆိုပါ လုံခြုံရေးနင့် နယ်စပ်ရေးရာဝန်ကြီးဌာကလွတ်တော်တွင် ထုတ်ပြန်လာသောအချက်အလက်များအရ လောင်းကစားမှုများမှာမြင့်တက်လာပြီးဖမ်းဆီးရရှိမှုများမှာလည်းမြင့်တက်လာသည်။
ယခုကဲ့ သို့ ထုတ်ပြန်ပြောဆိုလာရသောအကြောင်းသည် လေးမျက်နှာ မဲဆန္ဒနယ်က တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးစိုးခိုင်၏  လောင်းကစားမှုများမြင့်တက်လာမှုကို စံမံချက်ထားဆောင်ရွက်ရန်ရှိမရှိနှင့် တိုင်းအတွင်းဖြစ်ပွါးခဲ့ သောလောင်းကစားမှုများနှင့်ဖမ်းဆီးရရှိမှုကိုဖြေဆိုပေးရန် လွတ်တော်တွင်းမေးမြန်းမှုအပေါ် ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

မည်မျှပင် ဖွံ့ ဖြိုးရေးလုပ်ငန်းတွေ ရှိနေပါစေ လောင်းကစားမှုတွေ ရှိနေမယ်ဆိုရင် ဆင်းရဲမွဲတေမှုကိုလျော့ချနိုင်မှာ မဟုတ်ကြောင်းလွတ်တော်တွင် ပြောသည်။အစိုးရအနေဖြင့် လောင်းကစားမှုများလျော့နည်းစေရန် စီမံချက်ထားဆောင်ရွက်ရန် ဦးစိုးခိုင်က လွတ်တော်တွင်ပြောဆိုပြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ဧရာဝတီတိုင်းဒေသကြီးအတွင်းလောင်းကစားမှုများကို အရှိန်အဟုတ်မြှင့် ဖမ်းဆီးရန် သက်ဆိုင်ရာ ရဲစခန်းများကို ညွန်ကြားထားကြောင်းလွတ်တော်တွင် ဖြေဆိုသည်။

ဇွဲထက်ဥာဏ်

No comments:

Post a Comment